BEC-TERO TV

သင့်ရဲ့ မစင်(ချီး) ကနေ ပြောပြမည့် ကျန်းမာရေးအကြောင်း

03 Dec 2018     2,417 Views


ကျွန်နုပ်တို့ တစ်နေ့ကုန် စားထားသမျှကနေ စားကြွင်းစားကျန်ကနေ မစင်(ချီး) စွန့်ကြပါတယ်။ မစင်(ချေး) စွန့်တာဟာ ရှက်စရာတော့မဟုတ်ပါဘူး ။ ကျန်းမာဖို့အတွက် မစင်(ချေး) ကိုမဖြစ်မနေ စွန့်ကြရမှာပါပဲ ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုသလို့ ကျွန်နုပ်တို့ ကျန်းမာမှ အရာရာကို ဆက်လက် လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ မစင် (ချေး) အရောင်၊ အနံ၊ ပုံသဏ္ဍန် တွေကနေ သင့်ရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ ဆိုတာ တိုင်းတာလိုရပါတယ်တဲ့ ၊ အိမ်ရောက်ရင် တိုင်းတာကြည့်ကြပေါ့ ၊
 
သင့်ရဲ့ မစင်(ချေး) ဟာ မာကျစ်တောက်နေပြီး အစိုင်အခဲတစ်ခုလိုဖြစ်နေရင် နေရထိုင်ရခက်ခဲ့စေပါတယ်။ ဒါဟာ ရေဓါတ်ခန်းခြောက်မှုဖြစ်ပြီး ရေနှင့် ဟင်းသီးဟင်းရွတ်သစ်သီးဝလံ မျာကို ပိုမိုစားသုံးပေးဖိုလိုအပ်ပါတယ်။ အတုံးမပါပဲ အရည်များတာမျိုးက အပျော့လွန်ပြီး ဝမ်းလျော တာမျိုး ဆိုရင်တော့ ရေအရမ်း မသောက်သင့်ပါ။.
အညိုရောင်
သင့်ရဲ့ မစင်(ချေး) ဟာ အညိုရောင် တောက်တောက် ဖြစ်နေရင် အသည်းအားနည်းနေတာသေချာပြီး ၊ အသီးအရွက်တွေကို များများစားသုံးပေးရမယ်လို့ ဆိုပါတယ်။
 
အနက်ရောင်
အနက်ရောင် ဖြစ်နေရင် အစာအိမ်နဲ့ ကင်ဆာဖြစ်နိုင်ခြေရှိနိုုင်ပါတယ်။ ဒါဟာ subsalicylate ဗီတာမင် နည်းလိုဖြစ်တာပါ။ မစင်မှာ သွေးပါရင်တော့ သင့်အနေ့နဲ့ ဆရာဝန်နဲ့ ပြသသင့်ပါတယ် ။
 
အဖြူရောင် (သိုမဟုတ်) အဝါဖျော့ရောင်
ဒါဟာ အစားအသောက် ကြမ်းတဲ့သူတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ အသည်းပြွန် ပြသာနာ ရှိနေတာပါ ။
 
အနီရောင်တောက် (သို့မဟုတ်) သွေးစွန်ခြင်း မစင်(ချေး) မှာ သွေးပါနေရင်တော့ ကင်ဆာ ရောဂါဖြစ်နိုင်ခြ ရှိပါတယ် ။ ဆရာဝန် ကို ပြသသင့်ပါတယ် ။
 
ပျာ့ပျောင်းတဲ့ အတုံးလေးများကို တစ်နေ့မှာ အကြိမ်များစွာ အတုံးလေးများ ပါရှိပါက သင့်ကျန်းမာရေး သာမာန်ပါပဲ။
သင့်ရဲ့ မစင်(ချေး) က အရောင်တွေရော…..
 
(ပိုပိုလေး)

03 Dec 2018     2,417 Views




RELATED

Most Popular of Health Fix

Most Popular of Life Style