BEC-TERO TV

ဂျပန်မှာ အသက်အရွယ်အိုမင်းသူတွေကို နေရာထိုင်ခုံဖယ်ပေးခြင်းက ရိုင်းပျရာရောက်

07 Jan 2019     1,447 Views


တစ်နေကုန်ပင်ပင်ပန်းပန်း ၈ နာရီလောက် အလုပ်လုပ်ပြီး အိမ်အပြန် YBS ပေါ်မှာ ထိုင်ခုံနေရာလေးရလို့ စီးလာတဲ့အချိန် ရုတ်တရက် ကိုယ့်ရှေ့မှာ အသက်အရွယ်ကြီးတဲ့ လူတစ်ယောက် မတ်တပ်လာရပ်တဲ့အချိန် ဘာလုပ်ကြမလဲ..?
 
ပုံမှန်အားဖြင့် ယဉ်ကျေးပြီးလူသားဆန်တဲ့ သူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ထိုင်ခုံနေရာကို အသက်ကြီးသူအတွက် နေရာဖယ်ပေး ထလိုက်ကြမှာပါပဲ။ ဒါဟာ တစ်ကယ်လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို လုပ်လိုက်ကြတာပါ။

ဒါပေမယ့် ဂျပန်မှာတော့ ဒီလိုနေရာဖယ်ပေးလိုက်တာဟာ သူတို့ကို စော်ကားရာကျပါတယ်။ ဒါကြောင့် ဂျပန်တွေက ရထားပေါ်၊ ကားပေါ်တွေမှာ အသက်အရွယ်ကြီးသူတွေကို ခုံနေရာဖယ်မပေးခြင်းဖြင့် သူတို့ ယဉ်ကျေးကြောင်း လူငယ်တွေက ပြသတတ်ပါတယ်။


တစ်ကယ်တော့ ယဉ်ကျေးလွန်းအားကြီးတဲ့ ဂျပန်နိုင်ငံရဲ့ ပို့ဆောင်ဆက်သွယ်ရေးယာဉ်တွေပေါ်မှာ ထိုင်ခုံနေရာဦးစားပေးရမယ့်သူတွေကို စနစ်တကျဖော်ပြထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အသက်ကြီးသူတွေကို နေရာဖယ်ပေးလိုက်ရခြင်းက ယဉ်ကျေးမှုကိုလိုက်နာရာရောက်ပေမယ့် တစ်ဖက်မှာတော့ ရိုင်းပျသလို၊ မလေးမစားပြူမိသလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ အသက်အရွယ်ကြီးသူတွေ တက်လာရင်လည်း ခုံနေရာဖယ်ပေးလေ့မရှိပါဘူး။ အကယ်၍ ဖယ်ပေးခဲ့ရင်လည်း သူတို့က ငြင်းဆန်လေ့ရှိပါတယ်။
 
ဒီလိုထူးဆန်းတဲ့ အပြုအမူအကြောင်းကို ဂျပန်သက်ကြီးရွယ်အို အမျိုးသမီးကြီးတစ်ယောက်ကို မေးကြည့်တဲ့အခါ။ သူတို့ ဘတ်စ်ကားပေါ်၊ ရထားပေါ်တက်သွားတိုင်း တစ်ယောက်ယောက်က ထိုင်ခုံနေရာ ထပေးတဲ့အခါ “ဪ ငါအိုနေပါပြီလား၊ လူငယ်တွေက ငါ့ကိုဦးစားပေးမှုကို ငါလိုအပ်နေပြီပဲ” ဆိုတဲ့ အတွေးမျိုးဝင်လာပြီး၊ ကိုယ်ဟာ လူအိုတစ်ယောက် ဖြစ်တယ်လို့ ထပ်ခါထပ်ခါ သတိပေးနေသလို ခံစားရတယ်လို့ ဆိုပါတယ်။
 
နောက်ထပ်ဂျပန်လူမျိုးတစ်ယောက်ကတော့ “မင်းမှာ စိတ်ကောင်းရှိလို့ ဒီလိုကူညီတာမှန်ပေမယ့် တစ်ဖက်လူက သူတို့ဟာ အများအမြင်မှာ သနားစရာလူတစ်ယောက်ဖြစ်နေပါလားဆိုတာမျိုးကို အထင်မခံနိုင်ကြဘူး။ နောက်ပြီးတစ်ချို့က ကိုယ့်ဒုက္ခသူများပေးမိသလို ကိုယ့်တာဝန် ကိုယ်မယူနိုင်တဲ့သူအဖြစ် အမြင်မခံနိုင်ကြဘူး။ ဂျပန်နိုင်ငံမှာ လူအိုတွေအရေအတွက်များလာတာ မှန်ပေမယ့် သူတို့အပေါ်ကို လူငယ်တွေက အစစအရာရာဦးစားပေးရမယ်ဆိုတဲ့ အမြင်မှာတော့ အခြားအာရှနိုင်ငံတွေနဲ့ လုံးဝမတူဘူး” လို့ဆိုပါတယ်။

ဒါ့ကြောင့် ဂျပန်နိုင်ငံရဲ့ ရထားပေါ် ကားပေါ်တွေမှာ အသက်ကြီးသူတွေကို နေရာပေးတာမျိုး လုပ်လေ့မရှိသလို၊ အသက်ကြီးသူတွေကလည်း တောင်းဆိုလေ့မရှိပါဘူး။ အကယ်၍ ကိုယ်က အားနာလို့ဖြစ်စေ၊ အမြင်မတော်လို့ဖြစ်စေ ကူညီတဲ့သဘောနဲ့ ကိုယ့်ရဲ့ထိုင်ခုံနေရာ ဖယ်ပေးချင်တဲ့အခါ ရှေ့မှတ်တိုင်မှာ ဆင်းချင်ယောင်ဆောင်ပြီး ထိုင်ခုံနေရာက ဘာမှမပြောပဲ ထထွက်သွားတာမျိုး၊ အခြားတွဲကို ကူးသွားတာမျိုးနဲ့ ကူညီမှသာ အသက်အရွယ်ကြီးသူတွေအပေါ် လေးစားရာ ယဉ်ကျေးရာရောက်ပါတယ်။ 


07 Jan 2019     1,447 Views




RELATED

Most Popular of Special or Others

Most Popular of Life Style