BEC-TERO TV

(လုံးဝ) လစ်လျူရှုမထားသင့်တဲ့ သွေးပေါင်ကျလက္ခဏာ (၇)မျိုး

11 Jan 2019     2,114 Views


လူအတော်များများဟာ သွေးပေါင်တက်(သွေးတိုး)တာကိုပဲ ဂရုစိုက်လေ့ရှိပါတယ်။ သွေတိုးခြင်းကြောင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ကျောက်ကပ်ပုံမှန်အလုပ်မလုပ်ခြင်း စတဲ့ ရောဂါတွေ ဖြစ်ပွားတတ်သလို သွေးကျခြင်းကြောင့်လည်း ခန္ဓာကိုယ်မှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေတတ်ပါတယ်။
 
သွေးပေါင်ချိန်ဟာ (140/90 mm) နဲ့အထက်ဆိုရင် သွေးပေါင်တက်တာဖြစ်ပြီး (90/60 mm) အောက်ဆိုရင်တော့ သွေးပေါင်ကျတယ်လို့ သတ်မှတ်ထားပါတယ်။ သွေးပေါင်ကျတဲ့အတွက် သွေးထဲမှာ အောက်ဆီဂျင်လှည့်ပတ်မှုနည်းသွားတဲ့အတွက် နှလုံးနဲ့ ဦးနှောက်တို့ကို ထိခိုက်စေပြီး အသက်ရှုရတာ ခက်ခဲလာတတ်ပါတယ်။
 
သွေးပေါင်ကျခြင်းကြောင့် ရုတ်တရက် မူးမေ့လဲကျပြီး လေဖြတ်တာ၊ ကိုယ်တွင်းကလီစာတွေ အလုပ်မလုပ်တော့တာမျိုးဖြစ်နိုင်တာကြောင့် မပေါ့ဆဖို့လိုပါတယ်။ ဒါကြောင့် သွေးပေါင်ကျနေတာကို သိနိုင်တဲ့ အဓိကလက္ခဏာ (၇)မျိုးကို ဖော်ပြလိုက်ရပါတယ်။
 
၁။ မူးနောက်နောက်ဖြစ်ခြင်း (သို့) ပါးပါးလေးခေါင်းကိုက်ခြင်း


သွေးပေါင်ကျတဲ့ အဓိကလက္ခဏာတွေထဲက တစ်ခုကတော့ မူးနောက်နောက်ဖြစ်လာသလို ခံစားရတာဖြစ်ပါတယ်။ ဦးနှောက်ကို သွေးလည်ပတ်မှု နှေးကွေးသွားတဲ့အတွက် အောက်ဆီဂျင် မလုံလောက်တာကြောင့် အခုလို ခံစားရတာဖြစ်ပါတယ်။
 
ကိုယ်နေဟန်ထားကို ရုတ်တရက် ပြောင်းလဲလိုက်တဲ့အခါမှာ ဖြစ်တတ်ပါတယ်၊ ဥပမာ လှဲလျောင်းအိပ်စက်နေရာမှ ရုပ်တရက် ထထိုင်လိုက်တဲ့ အချိန်တွေမှာ ဖြစ်တတ်ပါတယ်။
 
 
၂။ ပင်းပန်းနွမ်းလျသလိုဖြစ်ခြင်း


သွေးအားကျခြင်းကြောင့် ကိုယ့်ရဲ့အင်အားကိုပါ ကျလာစေပါတယ်။ ခန္ဓာကိုယ်မှာ အင်အားရှိစေဖို့ သွေးလည်ပတ်မှုက အဓိကလုပ်ဆောင်တာဖြစ်လို့ သွေးအားကျလာတဲ့အခါ ပင်ပန်းနွမ်းလျ အားမရှိသလို ခံစားလာရတတ်ပါတယ်။
 
 
၃။ ရုတ်တရက်နှလုံးခုန်မြန်ခြင်း


သွေးအားကျလာတဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ ပြင်းပြင်ထန်ထန်လှုပ်ရှားမှု မရှိပါပဲ ရုတ်တရက် နှလုံးခုန်မြန်လာခြင်းပဲဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အသက်ရှုမြန်လာတာ၊ ခန္ဓာကိုယ်အပူချိနိပြောင်းလဲပြီး အေးစက်စက် ဖြစ်လာတာတွေ ခံစားရပါတယ်။
 
 
၄။ လက်ဖျားခြေဖျားအေးပြီး ချွေးစေးထွက်ခြင်း


အသားတွေအေးလာပြီး ဖြူဖတ်ဖြူရော်ဖြစ်လာကာ စေးထန်းထန်းဖြစ်လာခြင်းကလည်း သွေပေါင်ကျခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။
 
 
 
၅။ အာရုံမစုစည်းနိုင်ခြင်း


တစ်ခုခုကို အာရုံသေချာမစိုက်နိုင်တော့ပဲ ဝေဝေဝါးဝါး ဖြစ်လာခြင်ကလည်း သွေးပေါင်ကျလက္ခဏာဖြစ်ပါတယ်။
 
 
၆။ ရေငတ်လာခြင်း


သွေးပေါင်ကျတဲ့အခါ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပဲ ရုတ်တရက် ရေဓါတ်ခမ်းခြောက်သလိုဖြစ်ပြီး ရေဆာလာတတ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်မှာ သွေးအားပြန်ပြည့်လာဖို့ ရေလိုနေပြီဆိုတာ အချက်ပြတာပဲဖြစ်ပါတယ်။
 
 
၇။ အမြင်အာရုံမှုန်ဝါးလာခြင်း


သွေးထဲမှာ အောက်ဆီဂျင် နည်းလာတောကြောင့် မျက်စိသွေးကြောလေးတွေကို ကောင်းမွန်စွာ မပို့လွှတ်နိုင်တော့တဲ့အတွက် အမြင်အာရုံဝေဝါးလာတာဖြစ်ပါတယ်။
 
 
သွေးပေါင်ကျခြင်းမဖြစ်အောင် အောက်ပါအချင်တွေကို လိုက်နာပါ။
  • ရလေုံလောကျစှာ သောကျပါ။
  • အိပ်နေရာကနေ ရုတ်တရက်ချက်ခြင်း မထပါနဲ့။
  • ခြေခြင်းချိတ်ကာ အကြာကြီးမထိုင်ပါနဲ့။
  • ဗီတာမင် B12 နဲ့ ဖော်လစ်အက်ဆစ်ဓါတ် ကြွယ်ဝတဲ့ အစားအစာတွေ စားပါ။
  • အိပ်ရေးဝအောင် အိပ်ပါ။
  • ဆေးလိပ်၊ အရက်သောက်ခြင်း ရှောင်ကျဉ်ပါ။
  • သွေးပေါင်ကျဝေဒနာ ဆက်တိုက် ခံစားလာရပါက ဆရာဝန်နဲ့ပြသပါ။

(ပိုပိုလေး)

 


11 Jan 2019     2,114 Views




RELATED

Most Popular of Health Fix

Most Popular of Life Style