BEC-TERO TV

လှပတဲ့ နံနက်ခင်းတွေပိုင်ဆိုင်ဖို့အတွက် ညမအိပ်ခင် ဘာတွေလုပ်ရမလဲ

16 Jan 2019     1,426 Views


ပြီးပြည့်စုံတဲ့ မနက်ခင်းတွေ ပိုင်ဆိုင်ဖို့အတွက်ဆိုရင် ဒီနေ့မှာ လုပ်ရမဲ့ အရာတွေ အကြွေးမကျန်ခဲ့ဖို့လို့ပါတယ်။မအိမ်ခင်မှာ မနက်အတွက် အဆင့်သင့်ဖြစ်စေဖို့ တစ်ခုခု စီစဉ်တာမျိုး၊ တစ်နေတာမှာလုပ်စရာဘာတွေကျန်ခဲ့လဲ။ ဒါတွေကို လုပ်ဖို့အတွက် အချိန် ၁ နာရီ၊ တစ်နာရီခွဲလောက်ပေးရင် လုံလောက်ပါတယ်။ အဓိက ထားပြီးဘာတွေလုပ်သင့်လဲ ဆိုတာကိုပြောပြပေးပါမယ်။

၁။ နည်းပညာပစ္စည်းတွေကို ပိတ်လိုက်ပါ။
 
ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက် အစရှိတဲ့ နည်းပညာနဲ့ပတ်သက်ဆက်နွယ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ အားလုံးကို အိပ်ရာမဝင်ခင်တစ်နာရီလောက်အလိုကတည်းက အပြီးပိတ်ထားလိုက်ပါ။ နည်းပညာနဲ့ ပါတ်သတ်တဲ့ ပစ္စည်းတွေက အလင်းရောင်တွေ ဖြာထွက်နေတာကြောင့် မိမိရဲ့ အိပ်ချင်စိတ်ကို အနှောက်အယှက်ဖြစ်စေပါတယ်။ဒါကြောင့် အပြီး ပိတ်လိုက်ပါ။

၂။ သန့်ရှင်းရေးလုပ်ပါ
 
မိမိပတ်ဝန်ကျင်နဲ့ အိပ်ရာ သန့်ရှင်းသပ်ရပ်စေဖို့အတွက် သန့်ရှင်းရေးလုပ်ပါ။လေ့လာမှုတွေအရ သန့်ရှင်းသပ်ရပ်တဲ့ အခန်းကလည်း အိပ်ပျော်ဖို့အတွက် အထောက်အကူဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ သန့်ရှင်းရေးလုပ်တာဟာ စိတ်ဖိစီးမှုကိုလည်း သက်သာစေနိုင်ပြီး မနက်ခင်းအိပ်ရာနိုးထတဲ့အခါမှာလည်း စိတ်ကြည်လင်စေမှာ ဖြစ်ပါတယ်။

၃။ စာဖတ်ပါ
 
ကိုယ်အတွက် တိုးတက်စေမဲ့ စာအုပ်မျိုးဖတ်ပါ။အိပ်ခါနီးမှ ဖုန်း ၊ တပ်ဘလပ် တိုကို အသုံးပြုခြင်းထက် စာအုပ် ဖတ်ခြင်းကို ဦးနှောက် ရဲ့မှတ်ညဏ်အားပိုကောင်းစေပါတယ်။Microsoft ကုမ္ပဏီရဲ့ တည်ထောင်သူ ကမ္ဘာအချမ်းသာဆုံး ဘီလျံနာ Bill Gates ဟာ အိပ်ရာမဝင်ခင် အချိန်တစ်နာရီလောက်ကို အမြဲတမ်းစာဖတ်လေ့ရှိပါတယ်။ စာဖတ်ခြင်းဟာ စိတ်ဖိစီးစီးမှုတွေကို လျှော့ချပေးဖို့ အထောက်အကူဖြစ်စေပါတယ်။ မအိပ်ခင်တော့ နာရီဝက်ခန့် စာအုပ်ဖတ်သင့်ပါတယ်။

၄။ နေ့စဉ်မှတ်တမ်းရေးပါ
 
ညဖက် အိပ်ရာမဝင်ခင်မှာ တစ်နေ့တာလုပ်ဆောင် တွေ့ကြုံလာခဲ့သမျှတွေကို ချရေးထားဖို့ ဖြစ်ပါတယ်။ ဒီလို နေ့စဉ်မှတ်တမ်းရေးသားခြင်းဟာ ကိုယ်တိုင်တွေ့ကြုံရတဲ့ အတွေ့အကြုံတွေကနေ ပြန်ပြီး သင်ခန်းစာယူနိုင်တာကြောင့် အလုပ်ပြီးမြောက်မှုကို တိုးတက်စေနိုင်ပါတယ်။

၄။ နောက်တစ်ရက်အတွက် အစီအစဉ်ရေးဆွဲပါ
 
မနက်ဖြန်မှာ ဘာတွေလုပ်မယ်ဆိုတာကို အကြမ်းဖျင်းလောက်ပဲဖြစ်ဖြစ် အစီအစဉ်ရေးဆွဲထားတာဟာ အောင်မြင်မှုအတွက် အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ အမေရိကန်သမ္မတဟောင်း အိုဘားမား ဟာ သူ့ရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ညကတည်းက ကြိုတင်စီစဉ်ထားလေ့ရှိပါတယ်။ မနက်ဖြန်မှာ လုပ်မဲ ့အရာတွေကို ကြိုတင်ပြင်ဆင်ထားလိုက်တာကြောင့် ဝန်မရှိဘဲ နှစ်ခြိုက်စွာ အိပ်ပျော်စေမှာပါ။

၅။ အိပ်ပါ
 
ညဖက်မှာ အိပ်ဖို့က အရေးကြီးဆုံးပါပဲ။ အချိန်ဘယ်လောက်ကြာအောင် အိပ်ရမလဲဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားခြားနားကြပါတယ်။  အိပ်ချိန်ကို ၈ နာရီအထက်တော့ပြည့်ဝအောင် အိပ်ရပါမယ်။ ဒါမှသာ အားအင်လန်းလန်းဆန်းဆန်းနဲ့ နောက်နေ့မနက်မှာ နိုးထနိုင်မှာဖြစ်ပါတယ်။
 
နောက်တစ်နေ့ကို အကောင်းဆုံးဖြတ်သန်းလိုက်ပါ။
(ပိုပိုလေး)

16 Jan 2019     1,426 Views




RELATED

Most Popular of Special or Others

Most Popular of Life Style