BEC-TERO TV

မိန်းကလေးတွေ တစ်ယောက်တည်း ခရီးထွက်သင့်တဲ့ အကြောင်းအရင်း (၁၀) ချက်

08 Feb 2019     1,564 Views


၁။ တစ်ယောက်တည်းသွားမှာဖြစ်တဲ့အတွက် ဘယ်သူနဲ့မှညှိနေစရာမလိုဘူး

အဖွဲ့လိုက်ခရီးသွားမယ်ဆိုရင်တော့ ဟိုလူ့မေး၊ ဒီလူ့မေးနဲ့အချိန်တွေညှိနေရဦးမှာပါ။ တစ်ယောက်တည်း ခရီးသွားမယ်ဆိုရင်တော့ ဘယ်သူ့နဲ့မှညှိစရာမလိုပဲ အချိန်တန် ကိုယ့်အထုပ်ကိုယ်ဆွဲပြီးထသွားလိုက်ရုံပါပဲ။
 
၂။ အတွေ့အကြုံသစ်တွေရရှိမယ်

တစ်ယောက်တည်းသွားတာဖြစ်တဲ့အတွက် ခါတိုင်းလို အဖွဲ့နဲ့ သွားတာမျိုး မဟုတ်တော့ မတူညီတဲ့အတွေ့အကြုံသစ်တွေကသင့်ကို စောင့်မျှော်နေမှာပါ။
 
၃။ ကိုယ့်အားကိုယ် ကိုးတတ်လာမယ်

တစ်ယောက်တည်းသွားတော့ ဘယ်သူ့မှ အားကိုး၊တိုင်ပင်လို့လဲမရဘူးလေ။ ဘာမဆို ကိုယ့်အားကိုယ် ကိုးတတ်လာပါလိမ့်မယ်။
 
၄။ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်ပဲ

တစ်ယောက်တည်း လွတ်လွတ်လပ်လပ်ပါပဲ၊ သင့်ကို ဟိုဟာမလုပ်နဲ့၊ ဒီဟာမဝတ်နဲ့ဆိုပြီးတားနေမယ့်လူလဲမရှိပါဘူး။
 
၅။ မိတ်ဆွေသစ်တွေ တိုးပွားမယ်

သူငယ်ချင်းအဖွဲ့(သို့) မိသားစုနဲ့သွားရင် တခြားမိတ်ဆွေသစ်တွေနဲ့ တွေ့ရဖို့ခဲယဉ်းပါလိမ့်မယ်။ တစ်ယောက်တည်းသွားရင်တော့ တွေ့ရာနေရာမှာ တွေ့ရာလူနဲ့ မိတ်ဖွဲ့နိုင်ပါတယ်။
 
၆။ ကိုယ့်စိတ်ကြိုက် Plan တွေရေးဆွဲနိုင်တယ်။

တစ်ယောက်တည်းသွားတာဖြစ်တဲ့အတွက် ကိုယ်လည်ပတ်ချင်တဲ့နေရာမှာစိတ်ကြိုက် လည်ပတ်၊ စိတ်ကြိုက်အချိန်ကုန်နေလို့ရပါတယ်။ ကိုယ့် plan တွေကို ဝင်ရှုပ်မယ့် သူတွေလဲမရှိပါဘူး။
 
၇။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိလာမယ်

တစ်ယောက်တည်းခရီးသွားတာဟာ ကိုယ့်အားကိုယ်ကိုးတတ်လာမယ်၊ ကိုယ့်ကိုယ်ကို လဲ ကာကွယ်တတ်လာမယ်၊ အရင်ကထက် ပြောရဲဆိုရဲရှိလာမယ် ဒါကြောင့် ယုံကြည်မှုလဲပိုရှိလာမှာဖြစ်ပါတယ်။
 
၈။ တစ်ယောက်တည်း ငြိမ်းချမ်းမှုကိုရှာတွေ့မယ်

တစ်ယောက်တည်း ခရီးသွားရင် ဖုန်း၊နားကြပ်၊ စာအုပ်လေးတွေနဲ့ အေးချမ်းလှပတဲ့ ရှုခင်းတစ်နေရာမှာ ငြိမ်းချမ်းမှုကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။
 
၉။ တစ်ယောက်တည်းသွားတာဖြစ်တဲ့အတွက် ဘေးပတ်ဝန်းကျင်ကို ပိုသတိထားမိလာမယ်

အဖွဲ့လိုက်သွားရင် အနီးနားပတ်ဝန်းကျင်ကလူတွေ ဘာတွေလုပ်နေတယ်ဆိုတာ သတိထားမိမှမဟုတ်ပါဘူး။ တစ်ယောက်တည်း သွားရင်တော့ ပတ်ဝန်းကျင်အသစ်ရဲ့ ပုံစံအသစ်၊ ရိုးရာဓလေ့တွေကို အသေးစိတ်သတိထားမိလာပါလိမ့်မယ်။
 
၁၀။ ကိုယ့်ကိုယ်ကို ပိုသိလာမယ်

ကျွန်တော်တို့ လူတွေဟာ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ကြရင်း ကိုယ်ဘာဖြစ်ချင်သလဲဆိုတာ မေ့လျော့သွားတတ်ကြပါတယ်။ တစ်ယောက်တည်းခရီးသွားခြင်းအားဖြင့် ကိုယ်ဘာကိုကြိုက်နှစ်သက်သလဲ၊ ကိုယ်အမှန်တကယ် ဘာဖြစ်ချင်သလဲဆိုတာ ရှာဖွေတွေ့ရှိလာနိုင်မှာပါ။
 

 


08 Feb 2019     1,564 Views




RELATED

Most Popular of Special or Others

Most Popular of Life Style