BEC-TERO TV

သင့်ရဲ့ နောက်တစ်နေ့တာ အစကို အလှပဆုံးဖြစ်အာင် ဘယ်လိုဖန်တီးမလဲ

08 Feb 2019     1,333 Views


ပြီးပြည့်စုံတဲ့ နေရက်တွေကို ပိုင်ဆိုင်ချင်ရင် နေ့ရက်တိုင်းမှာ ကိုယ်လုပ်ရမဲ့ အရာတွေ အကြွေးမကျန်ဖို့လိုပါတယ်။ နေ့တစ်နေ့ရဲ့ လှပတဲ့နေ့သစ်ကို စချင်ရင် တာထွက် ကောင်းဖို့လိုပါတယ်။ 
မအိမ်ခင်မှာ မနက်အတွက် ဘာတွေလုပ်မယ် အဆင့်သင့်ပြုလုပ်ထားခြင်းက မနက်ခင်းမှာလုပ်ရာမဲ့ အလုပ်က ကြိုတင်ပြီးမြောက်စေနိုင်ပါတယ်။ နောက် ကုန်ဆုံးခဲ့တဲ့ တစ်နေ့တာမှာ ပြုလုပ်ခဲ့သမျှတွေကို လေ့လာဆန်းစစ်တာမျိုး ပြုလုပ်ခြင်းက သင့်ကိုအမှားနည်းစေပါတယ်။ ဒါတွေကို လုပ်နိုင်ဖို့အတွက် ထူးထူးထွေထွေ အချိန်သီးသန့် ပေးနေစရာမလုပ်ပါဘူး ၊ အချိန် တစ်နာရီခွဲလောက်ပေးရင်တောင် လုံလောက်ပါတယ်။

အချက် (၆) ချက်ရှိပါတယ်။

၁။ နည်းပညာပစ္စည်းတွေကို ပိတ်လိုက်ပါ

ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက် အစရှိတဲ့ နည်းပညာနဲ့ပတ်သက်ဆက်နွယ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ အားလုံးကို အိပ်ရာမ၀င်ခင်တစ်နာရီလောက်အလိုကတည်းက အပြီးပိတ်ထားလိုက်ပါ။ နည်းပညာနဲ့ ပါတ်သတ်တဲ့ ပစ္စည်းတွေက အလင်းရောင်တွေ ဖြာထွက်နေတာကြောင့် မိမိရဲ့ အိပ်ချင်စိတ်ကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် အပြီး ပိတ်လိုက်ပါ။

 

၂။ သန့်ရှင်းရေးလုပ်ပါ

မိမိပတ်ဝန်းကျင်နဲ့ အိပ်ရာ သန့်ရှင်းသပ်ရပ်စေဖို့အတွက် သန့်ရှင်းရေးလုပ်ပါ။
လေ့လာမှုတွေအရ သန့်ရှင်းသပ်ရပ်တဲ့ အခန်းကလည်း အိပ်ပျော်ဖို့အတွက် အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ သန့်ရှင်းရေးလုပ်တာဟာ စိတ်ဖိစီးမှုကိုလည်း သက်သာစေနိုင်ပြီး မနက်ခင်းအိပ်ရာနိုးထတဲ့အခါမှာလည်း စိတ်ကြည်လင်စေမှာ ဖြစ်ပါတယ်။

 

၃။ နေ့စဉ်မှတ်တမ်းရေးပါ

ညဘက် အိပ်ရာမ၀င်ခင်မှာ တစ်နေ့တာလုပ်ဆောင် တွေ့ကြုံလာခဲ့သမျှတွေကို ချရေးထားဖို့ ဖြစ်ပါတယ်။ ဒီလို နေ့စဉ်မှတ်တမ်းရေးသားခြင်းဟာ ကိုယ်တိုင်တွေ့ကြုံရတဲ့ အတွေ့အကြုံတွေကနေ ပြန်ပြီး သင်ခန်းစာယူနိုင်တာကြောင့် အလုပ်ပြီးမြောက်မှုကို တိုးတက်စေနိုင်ပါတယ်။

 

၎။ နောက်တစ်ရက်အတွက် အစီအစဉ်ရေးဆွဲပါ


မနက်ဖြန်မှာ ဘာတွေလုပ်မယ်ဆိုတာကို အကြမ်းဖျင်းလောက်ပဲဖြစ်ဖြစ် အစီအစဉ်ရေးဆွဲထားတာဟာ အောင်မြင်မှုအတွက် အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ အမေရိကန်သမ္မတဟောင်း အိုဘားမား ဟာ သူ့ရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ညကတည်းက ကြိုတင်စီစဉ်ထားလေ့ရှိပါတယ်။ မနက်ဖြန်မှာ လုပ်မဲ့ အရာတွေကို ကြိုတင်ပြင်ဆင်ထားလိုက်တာကြောင့် ဝန်မရှိဘဲ နှစ်ခြိုက်စွာ အိပ်ပျော်စေမှာပါ။

 

၅။ စာဖတ်ပါ

ကိုယ့်အတွက် တိုးတက်စေနိုင်မဲ့ စာအုပ်မျိုးကိုဖတ်ပါ။  အထူးသဖြင့် မှတ်သားဖွယ်ရာစာအုပ်မျိုးကို ရွေးဖတ်သင့်ပါတယ်။ ဒါက ကိုယ့်အိပ်တဲ့အချိန်နဲ့ အိပ်မပျော်ခင် စပ်ကြားမှာ တစ်ခုခုကို မှတ်သားခြင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ Motivate ဖြစ်စေမဲ့စာမျိုးကိုဖတ်ခြင်းက နောက်တစ်နေ့တာအတွက် အကြံညဏ်သစ်တွေ ဦးနှောက်ထဲမှာပေါ်လာနိုင်ပါတယ်။ သတိပြုရန် (သရဲဝတ္တု ၊ ကြောက်စရာကောင်းတဲ့ စာအုပ်မျိုးကို ရှောင်ရှားသင့်ပါတယ်) ။ အိပ်ခါနီးမှ ဖုန်း ၊ တပ်ဘလပ် တို့မှ စာဖတ်ခြင်းထက် စာအုပ် မှစာကို ဖတ်ခြင်းက ဦးနှောက် ရဲ့မှတ်ညဏ်အားပိုကောင်းစေပါတယ်။ Microsoft ကုမ္ပဏီရဲ့ တည်ထောင်သူ ကမ္ဘာအချမ်းသာဆုံး ဘီလျံနာ Bill Gates ဟာ အိပ်ရာမ၀င်ခင် အချိန်တစ်နာရီလောက်ကို အမြဲတမ်းစာဖတ်လေ့ရှိပါတယ်။ စာဖတ်ခြင်းဟာ စိတ်ဖိစီးစီးမှုတွေကို လျှော့ချပေးဖို့ အထောက်အကူဖြစ်စေပါတယ်။ မအိပ်ခင်တော့ နာရီဝက်ခန့် စာအုပ်ဖတ်သင့်ပါတယ်။

 

၆။ အိပ်ပါ

နောက်ဆုံး အနေနဲ့က တော့ အိပ်ပါ ။ ညဖက်မှာ အိပ်ဖို့က အရေးကြီးဆုံးပါပဲ။ အချိန်ဘယ်လောက်ကြာအောင် အိပ်ရမလဲဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားခြားနားကြပါတယ်။  အိပ်ချိန်ကို ၈ နာရီအထက်တော့ပြည့်ဝအောင် အိပ်ရပါမယ်။ ဒါမှသာ အားအင်လန်းလန်းဆန်းဆန်းနဲ့ နောက်နေ့မနက်မှာ နိုးထနိုင်မှာဖြစ်ပါတယ်။

ဒါတွေပြုလုပ်ပြီး သင့်ရဲ နောက်တစ်နေ့တာ အကောင်းဆုံးဖြတ်သန်းလိုက်ပါ။


08 Feb 2019     1,333 Views




RELATED

Most Popular of Special or Others

Most Popular of Life Style