BEC-TERO TV

ကလေးငယ်တွေ အိပ်ချိန်မပြည့်ဝမှုကြောင့် ဖြစ်လာနိုင်တဲ့ ပြသာနာများ

26 Feb 2019     1,759 Views


လူကြီးတွေမှာသာ sleep disorders(အိပ်စက်ခြင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ ပြဿနာ) ရှိတာမဟုတ်ပါဘူး။ ကလေးတွေမှာ လုံလောက်တဲ့ အိပ်ချိန်မရှိတဲ့အခါ သူတို့ရဲ့ကြီးထွားမှု ၊ စိတ်ခံစားမှုနဲ့ စပ်လျဉ်းတဲ့ ပြသာနာတွေဖြစ်လာနိုင်ပါတယ်။ ငယ်ရွယ်ချိန်မှာ မိဘများအနေနဲ့ ကလေးတွေကို အိပ်ချိန်ပြည့်ဝဖို့ အထူးဂရုစိုက်ဖိုလိုအပ်ပါတယ်။
 
ကလေးသူငယ်တွေ လွတ်လပ်ခွင့်ပေးတာကောင်းပေမဲ့ မိဘတွေက ဂရုစိုက်မှု မရှိဘူးဆိုရင် အိပ်စက်ရေးမှာ ပြသာနာရှိလာနိုင်ပါတယ်။ မိဘတွေက အိပ်ရာဝင်ချိန်နောက်ကျတိုင်း  ကိုယ်ကလေးငယ်တွေကပါ နောက်ကျမှ အိပ်ရာဝင်မယ်၊ တီဗီ ကြည့်မယ် ၊ ဖုန်းကြည့်ခွင့်ပေးထားမယ်ဆိုရင်  ပိုပြီးဆိုးပါတယ်။ သူတို့ကောင်းကောင်း အိပ်မထားဘူးဆိုရင် သူတို့ရဲ့ ဇီဝနာရီဟာ မညီမျှမှု ဖြစ်လာပါတယ်။ ဒီအဓိပ္ပာယ်က သူတို့ ကောင်းကောင်း မဖွံ့ဖြိုးနိုင်ဘူးလို့ ဆိုလိုပါတယ်။

ကလေးတွေဟာ သူတို့အသက်အရွယ်အရ အိပ်စက်ချိန် ဘယ်လောက်ရရှိသင့်သလဲ?
 
မွေးကင်းစကလေးဟာ အများဆုံး ၄နာရီခန့်စီ ပိုင်းခြားပြီး တနေ့ကို ၁၆နာရီလောက် အိပ်ချိန်ရှိသင့်ပါတယ်။ ၃လသားကျော်လာရင် ညဘက်နိုးတဲ့ ကြာချိန်ကို လျော့နညး်စေပါတယ်။ နည်းနည်းခြင်းဖြင့် သူတို့ဟာ အဆက်မပြတ်ပိုပြီး အိပ်ပျော်လာပါတယ်။ အသက်၂နှစ်မှာ ကလေးဟာ ၁ဝနာရီခန့် အိပ်ပါတယ်။ ၅နှစ်မှာ သူတို့ရဲ့ အိပ်စက်ခြင်းသံသရာဟာ ညဘက်အတွင်းမှာ နိုးထဖို့ မလိုအောင် ကျင့်သားရသွားပါတယ်။ ဒါ့အပြင် သူတို့ဟာ နေ့လည်တွေမှာဖြစ်စေ တရေးတမောအိပ်ဖို့ မလိုတော့ပါဘူး။

ကြီးကောင်ဝင်တဲ့အချိန်ရောက်ပီဆိုရင် ကလေးတွေပိုပြီး အိပ်တာကို သတိပြုမိပါလိမ့်မယ်။ ဒါက ဇီဝစက်ဝန်းအတွင်း ဝင်ရောက်စွက်ဖက်တဲ့ ဟော်မုန်း အပြောင်းအလဲများကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ ညဘက်မှာ ပျမ်းမျှအားဖြင့် ၈နာရီလောက် အနားယူဖို့ လိုအပ်ပါတယ်။
 
အိပ်ချိန်မလုံလောက်တဲ့အခါ ကလေးတွေမှာ ဖြစ်လာတဲ့ အကျိုးဆက်များ
 
ကလေးတွေဟာ တစ်နေ့ကို အိပ်ချိန်နာရီအလုံအလောက်မရဘူးဆိုရင် ရောဂါလက္ခဏာတွေ လျှှင်မြန်စွာ ပေါ်လာပါလိမ့်မယ်။ တချို့က တခြားအရာတွေထက် ပိုပြီးမြင်နိုင်၊ သတိထားမိပါလိမ့်မယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ အနီးကပ်ဂရုစိုက်ရပါမယ်။
 
စိတ်တိုတာ။ စိတ်ဆိုးခြင်း၊ ငိုခြင်း သို့မဟုတ် တခါတရံ အသားကုန်အော်ငိုခြငး်။
 
ဂနာမငြိမ်တာ။ စိတ်ဓါတ်ကျတာ။ သူတို့ဟာ အပြင်မထွက်ချင်တာ၊ မကစားချင်တာ ဖြစ်လာပါတယ်။
 
မှတ်ဉာဏ်ပြဿနာများ။ သူတိုဟာ အခြေခံအရာတွေကိုတောင် သတိမရတော့တဲ့ အထိဖြစ်လာနိုင်ပါတယ်။

ကလေးတွေ ကောင်းကောင်း အိပ်ပျော်အောင် ဘယ်လိုလုပ်မလဲ?
 
ကလေးငယ်တွေ ညဘက်မှာ အကောင်းဆုံးအိပ်ပျော်နိုင်အောင် ညစာကို အများကြီးမစားသင့်သလို ဟင်းသီးဟင်းရွက်ကို ပိုပြီး စားသုံးသင့်ပါတယ်။ ညဘက်မှာ ကြော်ထားတဲ့ ဟင်းတွေ၊ သကြားတွေ၊ ဂျုံမုန့်တွေက အစာကြေတာကို နှေးကွေးစေပြီး အိပ်ပျော်ဖို့ ပိုပြီး ခက်ခဲစေပါတယ်။
 
အိပ်ရာမဝင်ခင် တီဗီ၊ ကွန်ပြူတာကြည့်တာ၊ ဖုန်းသုံးတာတွေကို နည်းနိုင်သမျှ နည်းအောင် ရှောင်ကြဉ်ပါ။ ဒီdevices တွေကထုတ်လွှင့်တဲ့ အလင်းတွေက ဦးနှောက်ကို alert ဖြစ်စေပြီး အိပ်ပျော်ဖို့အတွက် အဟန့်အတားဖြစ်စေပါတယ်။  ကလေးကို စာအုပ်ဖတ်ခိုင်းတာမျိုး ၊ လူကြီးက ပုံပြင်ပြောပြတာမျိုးနဲ ့ကလေးငယ်ကို အိပ်ပျော်စေအောင် လုပ်ဆောင်နိုင်ပါတယ်။

26 Feb 2019     1,759 Views




RELATED

Most Popular of Health Fix

Most Popular of Life Style