BEC-TERO TV

ကင်ဆာဖြစ်စေတဲ့ အစားအစာ (၉) မျိုး

03 Apr 2019     1,547 Views


သင်ကိုယ်တိုင်သတိမထားမိပဲ နေ့စဉ်စားမိနေတဲ့အစားအစာတွေကကင်ဆာဖြစ်ဖို့ လမ်းစဖြစ်နေတဲ့အစားအသောက်တွေဖြစ်နေတတ်ပါတယ်။ အသက်ဆိုတာ လက်တစ်ကမ်းမှာပဲမို့ အသက်ကို ဉာဏ်နဲ့စောင့်လိုက်ကြရအောင်။ ဒီမှာ ကင်ဆာမဖြစ်ပွားစေဖို့ ဘာတွေကိုရှောင်ရှားသင့်လဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။

၁။ ပြောင်းဖူးပေါက်ပေါက်

ပြောင်းဖူးပေါက်ပေါက်ဟာ သာမန်အားဖြင့်ကျန်းမာစေတဲ့ အစားအစာဖြစ်ပါတယ်။ ဒါပေမဲ့ ပြောင်းဖူးပေါက်ပေါက်ဖောက်တဲ့စက်အတွင်းမှာ ပါရှိတဲ့ မိုက်ခရိုဝေ့က ဓာတ်တစ်မျိုးဟာ ကင်ဆာဖြစ်စေနိုင်တာကြောင့် အမြဲတစေမစားသုံးသင့်ပါဘူး။

၂။ စည်သွပ်ဘူးများ

ငါးသေတ္တာ၊ ဆီသွပ်ဘူး အစရှိတဲ့ အဆင်သင့်စားသုံးနိုင်တဲ့အစားအစာများဟာ တာရှည်ခံပစ္စည်းများကို ထည့်သွင်းထားတာကြောင့် ကင်ဆာဖြစ်လာစေနိုင်ဖို့လမ်းစတွေဖြစ်လာနိုင်ပါတယ်။ သဘာဝကသာ အကောင်းဆုံးဖြစ်ပြီး သဘာဝအတိုင်း အရသာရှိရှိချက်ထားတဲ့ အသားဟင်းတွေကိုသာ စားသုံးသင့်ပါတယ်။

၃။ အာလူးကြော်

အာလူးကြော်ဟာ ကယ်လိုရီပမာဏ အများဆုံးပါဝင်တဲ့ အစားအစာတစ်ခုလို့ပြောရမှာပါပဲ။ ဆီကြော်စာတစ်မျိုးဖြစ်ပြီး မသန့်တဲ့ ဆီများနဲ့ ကြော်ထားတဲ့ အာလူးကြော်ဆိုရင်တော့ အခြေအနေက ပိုမိုဆိုးဝါးလာနိုင်ပါတယ်။

၄။ အနီရောင်ရှိတဲ့ အသားများ

အနီရောင်ရှိတဲ့ အသားများဆိုတာ အမဲသား၊ ဝက်သား၊ ဆိတ်သားတို့ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသားတွေကို စားသုံးတာဟာ သွေးအားတိုးစေတယ်ဆိုတာမှန်ပေမယ့် အမြဲတမ်းတော့မစားသုံးသင့်ပါဘူး။ တကယ်လို့ မဖြစ်မနေစားသုံးရမယ်ဆိုရင် သေချာကျက်အောင်ချက်ထားပြီးမှ စားသုံးသင့်ပါတယ်။

၅။ မွေးမြူရေးငါးများ

လူသားတိုင်းမှာ အိုမီဂါ ၃ ဓာတ်လိုအပ်တဲ့အတွက် ငါးစားပေးတာကကောင်းပါတယ်။ ဒါပေမဲ့ မွေးမြူရေးငါးတွေဟာ သဘာဝအလျောက် အစားအစာတွေကိုစားသုံးတာမဟုတ်ပဲ ဓာတုဆေးဝါးဆိုင်ရာ အစားအစာတွေကို စားသုံးတာကြောင့် လူတို့စားသုံးမိတဲ့အခါ အန္တရယ်ရှိလာနိုင်ပါတယ်။

၆။ ဆေးထိုးပြီး မှည့်တဲ့အသီးအနှံများ

အသီးအနှံမှာဆို ရာသီပေါ်စာကို စားခြင်းကသာအသင့်တော်ဆုံးပါ။ နွေချိန်ဆို နွေမှာပေါ်တဲ့ သရက်သီး၊ အခုဆိုရင် သရက်သီးတွေလဲ ဆယ့်နှစ်လရာသီပေါ်နေပါပြီ ဒါပေမဲ့ သူ့ရာသီနဲ့သူ ပေါ်လာတဲ့အသီးကိုစားခြင်းကသာ အန္တာရာယ်ကင်းစေပါတယ်။

၇။ အရက်

အရက်ဟာ ဆေးဖြစ်တယ်လို့တောင် ရှေးလူကြီးတွေပြောကြပါတယ်။ ဆေးဖြစ်ဝါးဖြစ် တစ်နေ့တစ်ခွက်သောက်တာမျိုးတော့ကောင်းပေမဲ့ တန်ဆေးလွန်ဘေးဆိုသလို အရက်ကို အလွန်အကျွံသောက်သုံးတာကလဲ အသည်းကင်ဆာဖြစ်စေဖို့ ဦးတည်စေပါတယ်။

၈။ ပိုးသတ်ဆေး အများအပြားအသုံးပြုထားတဲ့ သီးနှံများ

ပိုးသတ်ဆေးတွေအများအပြားသုံးထားတဲ့ သီးနှံတွေကို စားတာဟာ သင့်ကျန်းမာရေးအတွက် မသင့်လျော်ပါဘူး။ ပိုးသတ်ဆေးဟာ ဓာတုဆေး မြောက်များစွာပါဝင်တာဖြစ်တဲ့အတွက် ကင်ဆာရောဂါဖြစ်ပွားစေနိုင်ပါတယ်။

၉။ Hot drinks

Hot drinks ဆိုတာ ကော်ဖီပူပူ၊ လက်ဖက်ရည်ပူပူတွေကိုပြောတာပါ။ ကင်ဆာရှာဖွေရေး ပညာရှင်တွေ ပြောကြားချက်အရ ၆၅ ဒီဂရီ ဆယ်ဆီးယက်ပ်အပူချိန် ထက်ပိုနေတဲ့ Hot drinks တွေကို မသောက်သုံးသင့်ပါဘူး။ ဒီထက်ပူမယ်ဆိုရင် လည်ချောင်းကင်ဆာဖြစ်ပွားစေဖို့ ဦးတည်စေနိုင်ပါတယ်။
 
ပိုပိုလေးမှ တင်ဆက်ပေးတဲ့ ကျန်းမာရေးဆိုင်ရာအကြောင်းအရာများဟာ ပရိတ်သတ်ကြီးအတွက် အကျိုးပြုတယ်ဆိုရင် like& share လေးလုပ်ပေးဖို့လဲ မမေ့နဲ့ဦးနော်။
 
(ပိုပိုလေး)

 

 


03 Apr 2019     1,547 Views




RELATED

Most Popular of Health Fix

Most Popular of Life Style