BEC-TERO TV

အလုပ်ခွင်မှာ နေလည် နေ့ခင်း ငိုက်တာလေးတွေ ပျောက်သွားရအောင် ဘယ်လိုလုပ်မလဲ

05 Apr 2019     1,433 Views


နေ့ခင်းနေ့လည် ထမင်းစားပြီးမှာ ငိုက်ပြီးတစ်ရေးတစ်မော အိပ်ချင်တဲ့ အခိုက်အတန့်လေး ဖြစ်တတ်ကျလိမ့်ထင်ပါတယ်။ ဒါမျိုးဖြစ်တာက မိမိအိမ်မှာဖြစ်ရင်ပြသာနာမရှိပေမဲ့ အလုပ်ခွင်မှာဆိုရင်တော့ ပြသာနာရှိပါတယ်။အလုပ်ခွင်မှာ ပျင်းရိ သန်းဝေ တာမျိုးမဖြစ်ရလေအောင် ဆောင်ရန် ၊ ရှောင်ရန်အချက်လေးတွေ ပြောပြပေးပါမယ်။
 
၁။ လမ်းခဏ ခဏလျှောက်ပေးပါ
 
အလုပ်ခွင်မှာ လှုပ်လှုပ်ရှားရှားမရှိဘဲ တစ်နေရာတည်း ထိုင်ပြီးအလုပ်လုပ်နေရတာက ပျင်းစရာကောင်းပြီး အိပ်ချင်စိတ်ကို တွန်းအားပေးပါတယ် ။ မကြာခဏ ၅ မိနစ် ၁၀ မိနစ်လမ်းလျှောက်ပေးသင့်ပါတယ်။ အကြောဆန့်တာ၊ ရေထသောက်တာ၊ ဆီးသွားတာမျိုး လုပ်ပေးပါ။ တစ်နာရီ တစ်ခါလောက် လှုပ်လှုပ်ရှားရှား နေပေးပါ။ လမ်းလျှောက်ပေးခြင်းက သွေးလည်ပတ်မှုကောင်းစေတယ်။ နှလုံးခုန်နှုန်း မြန်စေလို့ အလုပ်ခွင်မှာ အိပ်ငိုက်နေတာမျိုး ဖြစ်မှာ မဟုတ်ပါဘူး။ စိတ်ကို လန်းဆန်းလာစေမှာဖြစ်ပါတယ်။
 
၂။ ကိုယ့်ရဲ့ အလုပ်စားပွဲဟာ ရှင်လင်နေပါစေ။
 
မှောင်နေတဲ့အခါမှာ စိတ်က အလိုလိုနေရင်း အိပ်ချင်တဲ့ စိတ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလုပ်လုပ်နေတဲ့ စားပွဲကို သန့်ရှှင်းပြီး နေချင်စဖွယ်ကောင်းရင် စိတ်ကကြည်လာမှာပါ။  မီးအလင်းရောင်ကောင်းကောင်းအောက်မှာ အလုပ်လုပ်ပေးတာဟာ စိတ်ကို နိုးကြားတက်ကြွစေနိုင်ပါတယ်။
 
၃။ ရေများများသောက်ပေးပါ။
 
ဘယ်လောက်ပဲ အလုပ်များများ ကိုယ်ခန္ဓာက ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်တယ်ဆိုတာ သတိရပေးပါ။ တစ်နေ့ကို ရေအလုံအလောက် သောက်ပေးတဲ့အခါ ကိုယ်ခန္ဓာအတွက် ရေဓာတ်ဖြည့်တင်းပေးသလို ထိုင်ရာမှ ခဏထပြီး ဆီးသွားစေဖို့လည်း ကူညီပေးနိုင်ပါတယ်။

၄။ ကော်ဖီသောက်ပါ။
 
နေ့ခင်းနေ့လည်း အိပ်ချင်နေတဲ့အခါမှာ ကော်ဖီတစ်ခွက် လောက်သောက်ချင်က အိပ်ချင်စိတ်ကို နိုးကြားစေပါတယ်။ ဒါကြောင့် ကောဖီတစ်ခွက်လောက်သောက်ပေးခြင်းက ငိုက်နေတဲ့ အာရုံကို လှုံ့ဆော်ပေးနိုင်ပါတယ်။ သတိထားရမှာက ညနေဘက် ရောက်မှ ကော်ဖီသောက်တာမျိုး မလုပ်ဖို့ပါပဲ။ ကဖင်းဓာတ်ဟာ ဦးနှောက်ကို တက်ကြွနေစေတာကြောင့် ကိုယ့်ရဲ့ အိပ်ချိန်ကို သွားပြီး ထိခိုက်နိုင်ပါတယ်။
 
၅။ ခက်တဲ့အလုပ်ကို အရင်လုပ်ပါ။
 
ရုံးကို ရောက်ပြီဆိုတာနဲ့ ခက်တဲ့ အလုပ်တွေကို အရင်စလုပ်ပေးပါ။ နေ့လည်ဘက် အနည်းငယ်ပင်ပန်းပြီး ငိုက်နေပြီဆိုရင် လွယ်ကူတဲ့ အလုပ်လေးတွေကို ချလုပ်ပေးပါ။ လုပ်နေစဉ်မှာလည်း ရေသောက်လိုက်တာမျိုး၊ မုန့်တစ်ခုခုစားလိုက်တာမျိုး လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။
 
၆။ အမွှေးရနံ့ တစ်မျိုးမျိုး အလုပ်စားပွဲမှာ ဆောင်ထားပါ။
 
စံပယ်၊ သံပရာလို  စိတ်ကိုကြည်လင်လန်းဆန်းစေတဲ့ အမွှေးရနံ့ထွက်တဲ့ ဆီတစ်မျိုးမျိုး၊ ရေမွှေး၊ အမွှေးနံ့သာတွေကို တင်ထားပါ။ ရေမွှေးဆိုရင်လည်း ကိုယ့်ရဲ့ လက်နဲ့ ပုခုံးနားလေးမှာ တစ်ချက်လောက် စွတ်ပြီး ရှူရှိုက်ကြည့်ပါ။
 
၇။ သီချင်းနားထောင်ပါ။
 
ငိုက်နေတဲ့ ခံစားချက်မျိုး ရပြီဆိုတာနဲ့ နားကြပ်တပ်ပြီး စိတ်ကို ရွှင်လန်းမြူးကြွစေတဲ့ သီချင်းသံစဉ်တွေကို နားဆင်ပေးပါ။ အလုပ်လုပ်နေရင်းနဲ့လည်း သီချင်းနားထောင်ပေးရင် ပိုကောင်းပါတယ်။
 
(ပိုပိုလေး)

05 Apr 2019     1,433 Views




RELATED

Most Popular of Special or Others

Most Popular of Life Style