BEC-TERO TV

ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ရာ နယူးဇီလန်က ဘရာစီယာခြံစည်းရိုး

03 May 2019     1,452 Views


ချစ်ခြင်းသင်္ကေတအဖြစ် သော့ခလောက်လေးတွေကို တံတားနဲ့ အကာအရံစည်းရိုးလေးတွေမှာ အမှတ်တရ လာရောက်ချိပ်ဆွဲကြတဲ့ ကမ္ဘာပေါ်ကနေရာတွေ မကြာခဏဆိုသလို ကြားဖူးကြမှာပါ၊ အချို့ရုပ်ရှင်ဇာတ်ကားတွေမှာလည်း မြင့်တွေ့ဖူးကြပါတယ်။
 
 
ဒါပေမယ့် ဘရာစီယာတွေ ပြည့်နှက်နေတဲ့ ခြံစည်းရိုးလေးကတော့ ကမ္ဘာပေါ်မှာ တစ်နေရာပဲ ရှိတာမို့ ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်တဲ့ နေရာတစ်ခုဖြစ်နေပါတယ်။ နယူးဇီလန်နိုင်ငံ အိုတာဂိုမှာ ရှိတဲ့ ခြံစည်းရိုးလေးဟာ ဘရာစီယာမျိုးစုံနဲ့ ပြည့်နှက်လို့နေပါတယ်။
 
 
ဒီခြံစည်းရိုးကို ရောက်လာကြတဲ့ အမျိုးသမီးတွေက ဘရာစီယာတွေကို ချွတ်ပြီး ခြံစည်းရိုးပေါ် ဘာကြောင့်တင်ထားခဲ့ကြမှန်း သေချာဘယ်သူမှ မသိကြပေမယ့် ဒီဇာတ်လမ်းက ၁၉၉၈ ခုနှစ်က စတင်ခဲ့တယ်လို့ သိရပါတယ်။
 
၁၉၉၈ ခုနှစ်မှာ ဘရာစီယာ ၄ ခု ခြံစည်းရိုးပေါ်မှာ တင်ထားတာတွေ့ရပြီး ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ တင်ခဲ့တယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ဒါပေမယ့် ၂၀၀၀ ခုနှစ် ဒီဇင်ဘာလ ရောက်တဲ့အခါမှာတော့ ခြံစည်းရိုးပေါ်မှာ ဘရာစီယာ အထည် ၂၀၀ ရှိနေပါပြီ။ ၂၀၀၆ ခုနှစ်အစောပိုင်းမှာတော့ အထည် ၈၀၀ လောက်ထိ တိုးလာပါတယ်။
 
 
ခြံစည်းရိုးပေါ်က ဘရာစီယာအချို့ ပျောက်သွားတာလည်းရှိပြီး ဒီအကြောင်းနဲ့ ပက်သက်လို့ လူတွေပိုလို့စိတ်ဝင်စားလာကြကာ ၂၀၀၆ ခုနှစ်ကုန်ပိုင်းမှာတော့ ဘရာစီယာအရေအတွက် ၇၄၀၀ ထိ တိုးလာခဲ့ပါတယ်။
 
ဒီဘရာစီယာတွေ လှန်းထားကြတဲ့ ခြံစည်းရိုးဟာ မွေးမြူရေးခြံ တစ်ခြံရဲ့စည်းရိုးဖြစ်ပြီး ခြံပိုင်ရှင်ဖြစ်တဲ့ ‘John Lee’ က ဘရညစီယာတွေကို ဖယ်ရှားပစ်ဖို့ မလိုလားတာကြောင့် ခြံစည်းရိုးပေါ်မှာ ကမ္ဘာအရပ်ရပ်က အမျိုးသမီးတွေရဲ့ ဆိုဒ်စုံ အရွယ်စုံ၊ အမျိုးစားစုံ အရောင်စုံ ဘရာစီယာတွေနဲ့ ပြည့်နှက်ခဲ့တာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေ အာရုံစိုက်ရာ နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။
 
 
ဒီနေရာလေးကို "Caderon Bras Fence" အဖြစ်လူသိများထင်ရှားပြီး လာရောက်ကြတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ ဘရာစီယာကို ခြံစည်းရိုးပေါ် ချွတ်ထားခဲ့ပြီး အမှတ်တရရိုက်ထားကြတဲ့ ဓါတ်ပုံတွေလည်း အွန်လိုင်းမှာ များစွာ တွေ့ရှိရပါတယ်။

03 May 2019     1,452 Views




RELATED

Most Popular of Special or Others

Most Popular of Life Style