BEC-TERO TV

အိပ်စက်ချိန်နည်းတဲ့သူဟာ ဖန်တီးမှုစွမ်းရည် ကျဆင်းလာနိင်တဲ့အပြင် ကိုယ်အလေးချိန်တိုးလာနိုင်

26 Jun 2019     1,309 Views


တစ်နေ့တာ ပင်ပန်းခဲ့သမျှကို အနားယူဖို့အတွက် လူတစ်ယောက်ဟာ အိပ်စက်ချိန်ကို အင်မတန်မှ တန်ဖိုးထားဖို့ အရေးကြီးပါတယ်။ လူတစ်ယောက်၏ တစ်နေ့တာ အိပ်စက်ချိန်ဟာ အနည်းဆုံး ၆ နာရီအထက်မှာ ရှိနေသင့်ပြီး အိပ်ရေးမဝရင် ကိုယ်ရဲ စွမ်းဆောင်ရည်တွေလည်း ကျဆင်းစေပါတယ်။ ဒါ့အပြင် အိပ်ရေးမဝခြင်းကြောင့် ကိုယ့်အလေးချိန်တိုးပြီး အဝလွန်တာမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။
 
ကိုယ်ခန္ဓာပုံပန်းသဏ္ဍာန်ကို ထိန်းသိမ်းချင်ရင် အိပ်စက်ခြင်းဟာ အမှန်တစ်ကယ် သတိထားဖို့ လိုအပ်တဲ့အချက် ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းရင် နောက်တစ်နေ့မှာ အလုပ်ကောင်းကောင်း မလုပ်နိုင်ခြင်း၊သင့်ရဲ့ ဖန်တီးနိုင်စွမ်းတွေ ကျဆင်းကျလာခြင်း ၊ ဒေါသကြီးခြင်း စတဲ့ ဆိုးကျိုးတွေလည်း ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေး သုတေသီတို့ရဲ ့သုံးသပ်ချက်ဟာ လူတစ်ယောက်ရဲ့ အိပ်ချိန်ဟာ သာမန်အိပ်ချိန် ထက်အနည်းငယ် ပိုအိပ်သင့်တယ်လို့ ဆိုပါတယ်။ နှိုးတစ်ဝက်အိပ်တစ်ဝက် တစ်ဝက်တစ်ပျက် အိပ်စက်ခြင်းတွေလည်း ကယ်လိုရီပိုစားသုံးမှုနှင့်ညီမျှပြီး ကိုယ်အလေးချိန်ကို တိုးလာစေနိုင်ပါတယ် လို့ဆိုပါတယ်။
 
သုတေသီတွေဟာ အိပ်စက်ခြင်းကိုဘယ်လောက်အရေးကြီတယ်ဆိုတာကို လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပရောဂျက်မှာ ပါဝင်သူ ၁၇၂ ဦးအထိရှိခဲ့ပြီး အိပ်ရေးဝတဲ့သူကတစ်ပိုင်း၊ ၂ ပတ်အထိ အိပ်စက်မှုကင်းမဲ့တဲ့ တစ်ပိုင်း စမ်းသတ်မှုပြုလုပ်ရာ အိပ်ရေးမဝသူအများစုဟာ အိပ်ရေးဝသူတွေထက် ပျမ်းမျှကယ်လိုရီ ၃၈၅ ထက်ပိုပြီး စားသုံးထားတာနဲ့ညီမျှကြောင်း ဖော်ပြထားပါတယ်။
 
အိပ်ရေးမဝသူတွေဟာ နောက်တစ်နေ့တာမှာ အိပ်ရေးပျက်မှုအစား အစားကို ပိုစားသောက်သုံးလိုက်ခြင်းဖြင့် စွမ်းအင်တွေပြန်လည်ဖြည့်တင်းပေးတယ်လို့ ထင်မှတ်ကြတယ်။ အဆီများတဲ့ အစားသောက်တွေ စားသုံးလိုက်မယ်ဆိုရင် အဝလွန်တဲ့ရောဂါကိုပိုဖြစ်စေနိုင်ပြီး ကျန်မာရေးအတွက် အထောက်အကူမပြုတာကို တွေ ့ရမှာဖြစ်ပါတယ်။နောက်တစ်နေ့တာမှာ သင့်ရဲ ့လုပ်ကိုင်နိုင်စွမ်းရည် ဖန်တီးနိုင်စွမ်းရည်တွေ ပိုမိုစွမ်းဆောင်နိုင်ဖို့ အတွက်ဆိုရင် အစားအစာကို အချိန်မှန်စား ၊ အချိန်မှန်အိပ်ဖို့လိုအပ်တယ် ဆိုတာကို အကြံပေးတင်ပြလိုက်ရပါတယ်။

26 Jun 2019     1,309 Views




RELATED

Most Popular of Health Fix

Most Popular of Life Style