BEC-TERO TV

အမျိုးသားများ ကင်ဆာမဖြစ်ချင်ရင် ‘မှို’ စားပေးပါ

29 Oct 2019     1,474 Views


အမျိုးသားတွေမှာသာ ဖြစ်တတ်ပြီး ဝေဒနာမချိမဆံ့ခံစားရကာ ငွေဘယ်လောက်ကုန်ကုန် ကုသလို့ မရနိုင်တဲ့ ‘ပရောစတိတ်ကင်ဆာ’ (အမျိုးသားသုတ်ရည်လွှတ်အကျိတ်ကင်ဆာ) ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တဲ့အတွက် ‘မှို’ ဟာ အမျိုးသားတွေအတွက် အကောင်းဆုံး အစားအစာဖြစ်ကြောင်း ဆေးသိပ္ပံသုတေသီတွေက ထုတ်ပြန်အသိပေးလိုက်ပါတယ်။

အမျိုသားများဟာ ‘မှို’ ကို မကြာခဏ ပုံမှန်စားပေးသင့်ကြောင်း ဂျပန်ဆေးသိပ္ပံပညာရှင်များက အကြံပြုလိုက်ပါတယ်။ သုတေသီတွေဟာ တက္ကသိုလ်နဲ့ ကျောင်းတွေက အသက် ၄၀ ကနေ ၇၉ နှစ်ကြား အမျိုးသားပေါင်း ၃၆,၄၉၉ ကို သူတို့ရဲ့ နေ့စဉ်စားသောက်နေထိုင်ပုံနဲ့ မှိုစားသုံးမှု ပမာဏ၊ ကိုယ်လက်လှုပ်ရှား အားကစား။ ဆေးလိပ်နဲ့ အရက်သောက်ခြင်း စတာတွေကိုပါ စနစ်တကျ အင်တာဗျူးမေးမြန် စစ်ဆေးလေ့လာခဲ့ကြပါတယ်။ သူတွေတွေရဲ့ ပညာရေး၊ မိသားစုဝင်တွေနဲ့ ဆေးစစ်ချက် မှတ်တမ်းတွေကိုပါ လေ့လာခွင့်ရခဲ့ကြပါတယ်။

ဒီလူတွေကို အုပ်စု နှစ်စုခွဲလိုက်ပြီး တစ်စုကို ၂၄ နှစ်ခွဲကြာ စောင့်ကြည့်လေ့လာခဲ့ပြီး ကျန်တစ်စုကိုတော့ ၁၃ နှစ် ကျော်ကျော် စောင့်ကြည့်လေ့လာရာမှာ မှိုကို တစ်ပတ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် စားသုံးသူတွေက ပရော့စတိတ်ကင်ဆာ ဖြစ်နိုင်ခြေ ၈% နှုန်း လျှော့ကျကြောင်း သုတေသီတွေ တွေ့ခဲ့ရပါတယ်။ ဒါဟာ အသီးအရွက်၊ သားငါးနဲ့ နို့ထွက်ပစ္စည်း စားသုံးမှုတွေကို ထည့်မတွက်ပဲ မှိုစားသုံးမှု သက်သက်ကိုသာ လေ့လာခဲ့တာဖြစ်ပါတယ်။

မှိုကို အကြိမ်အရေအတွက် များများစားလေ များများအကျိုးရှိလေဆိုတာကို သိခဲ့ရပါတယ်။ တစ်ပတ်မှာ မှိုကို သုံကြိမ်နဲ့အထက် စားသုံးသူတွေမှာ ကင်ဆာဖြစ်နိုင်ခြေ ၁၇% ထိ ကျဆင်းတဲ့လက္ခဏာကို တွေ့ခဲ့ရပါတယ်။ သစ်သီးဝလံနဲ့ ဟင်ူသီးဟင်းရွက်ကို သိပ်မစားပဲ အသားငါးနဲ့ နို့ထွက်ပစ္စည်းတွေကိုသာ အလွန်စားတဲ့ အသက် ၅၀ နဲ့ အထက် အမျိုးသားကြီး တွေမှာတောင် ဒီလိုအကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

ဒီတွေ့ရှိချက်ကို အပြည်ပြည်ဆိုင်ရာ ကင်ဆာဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့ပြီး မှိုစားခြင်းနဲ့ ပရော့စတိတ်ကင်ဆာဖြစ်ပွားနိုင်ခြေကြားက သက်ရောက်မှုကို ပထမဦးဆုံး ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

သက်ရှိဇီဝရုပ်တွေကို ဖန်ပြွန်နဲ့ စမ်းသပ်စစ်ဆေးချက်မှာလည်း မှိုက ပရော့စတိတ်ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ အလားအလာကောင်းတွေ တွေ့ရှိခဲ့တယ်လို့ သုတေသီအဖွဲ့ကို ဦးဆောင်သူ Dr Zhang Shu က ဆိုပါတယ်။

မှိုဟာ ဗီတာမင်တွေအတွက် အကောင်းဆုံးရင်းမြစ်ဖြစ်ပြီး မင်နရယ်လ်နဲ့ အန်တီအောက်ဆီဒင့် တွေ အပြည့်အဝပါဝင်ပြီး အောက်ဆီဂျင်နဲ့ ဓာတ်ပြုခြင်းကြောင့် ဖြစ်လာတဲ့ oxidative stress တွေကို တိုက်ထုတ်နိုင်တယ်လို့ ဆိုပါတယ်။

မည်သို့ပင်ဆိုစေကာမူ နေ့စဉ်နေထိုင်စားသောက်မှု ပုံစံကို မျှတအောင် ပြုပြင်ဖို့လိုအပ်ပြီး မှိုဟာ ပရော့စတိတ်ကင်ဆာဖြစ်နိုင်ခြေ လျော့ချပေးတယ်ဆိုတာနဲ့ မှိုတွေချည်းပဲ အလွန်အကျွံမစားသုံးဖို့ သတိပြုသင့်ကြောင်း ဖြည့်စွက် မှာကြားခဲ့ပါတယ်။


29 Oct 2019     1,474 Views




RELATED

Most Popular of Health Fix

Most Popular of NEWS