BEC-TERO TV

ဆီးချိုရောဂါအတွက် အစွမ်းထက် တိုင်းရင်းဆေးနည်း

17 Dec 2019     1,680 Views


ယနေ့ခေတ်မှာ လူတွေအဖြစ်အများဆုံးရောဂါတွေထဲမှာ ‘ဆီးချို’ရောဂါလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဆီချိုရောဂါဟာ အစားအသောက်အနေအထိုင် အထူးဆင်ခြင်ရတဲ့ ရောဂါမို့ ဖြစ်ပြီဆိုတာနဲ့ သိသာထင်ရှားတဲ့အချက်ကတော့ ဝေဒနာရှင်ဟာ ကိုယ်အလေးချိန် သိသိသာသာလျော့ကျသွားတာပဲဖြစ်ပါတယ်။

ဆီးချိုရောဂါဟာ အစားအသောက် မဆင်ခြင်မိလို့ ဖြစ်တတ်သလို မျိုးရိုးရှိရင်လည်း ဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ ဒါ့အပြင် အသက်အရွယ်မရွေးလည်း ဖြစ်တတ်တာမို့ အားလုံးအတွက် သတိထားရမယ့် ရောဂါဖြစ်ပါတယ်။ဆီးချိုရောဂါအတွက် အစွမ်းထက်တဲ့ တိုင်းရင်းဆေးနည်းများကို ဖော်ပြပေးလိုက်ပါတယ်။

ဆေးနည်း (၁) ကင်းပုံရွက်

ကင်းပုံရွက်ဟာ ဆီး၊ ဝမ်း အညစ်အကြေးများ လွန်စွာဆင်းသက်ခြင်းကို ခိန်းချုပ်ပေးနိုင်သော အစွမ်းရှိသဖြင့် ဆီချိုရောဂါအတွက် များစွာ အထောက်အပံ့ဖြစ်စေသည်။

ဆေးနည်းမှာ ကင်းပုံရွက်အစိမ်း လက်တစ်ဆုပ်စာကို ရေဖြင့်စင်ကြယ်စွာဆေး၍ သတ္တုရည်ရအောင် ညှစ်ယူပါ။ ကင်ပုံရွက်သတ္တုရည်ကို ကြွေဇွန်းကြီး နှစ်ဇွန်းစာ တစ်ရက်လျှင် သုံးကြိမ်သောက်ပါ။

ဒါ့အပြင် ကင်းပုံရွက်ကို ကြော်ချက်စားသုံးခြင်းက ဆီးချိုသမားများအတွက် အထူးသင့်လျော်သည်။

ဆေးနည်း (၂) ခဝဲသီးအစေ့

ခဝဲသီးအတွင်း အစေ့မှ ဝတ်ဆံကို ခွာပြီးစားသုံးပေးပါက ပျောက်ကင်းသွားကြောင်း သုံးလကြာမျှ စွဲစွဲမြဲမြဲစားသုံးပြီးနောက် ရောဂါပျောက်ကင်းချမ်းသာခဲ့သူ တစ်ဦးမှ ညွန်းထားသည်။

မှတ်ချက်။  ။ ရောဂါ၏ အနုအရင့် အခြေအနေအလိုက် တိုင်းရင်းဆေးနည်းများကို သုံးစွဲရန် သင့်/မသင့် နားလည်တတ်ကျွမ်းသည့် ဆရာဝန်ကြီးများနဲ့ တိုင်ပင်သင့်ပါကြောင်း ထပ်လောင်း အကြံပြုပါရစေ။

 

 


17 Dec 2019     1,680 Views




RELATED

Most Popular of Health Fix

Most Popular of Life Style