BEC-TERO TV

ထိပ်ခတ်နာအတွက် အစွမ်းထက် တိုင်းရင်းဆေးနည်း

17 Dec 2019     2,933 Views


ထိပ်ခတ်နာ ဆိုတာ ဦးခေါင်းခွံနဲ့ နှာခေါင်းပေါက်တစ်လျောက်ဆက်သွယ်ပေးထားတဲ့ လေလမ်းကြောင်းထဲမှ တစ်ရှုးလေးများ ယောင်ရမ်းခြင်းဖြစ်ပါတယ်။ ပုံမှန်ဆိုလျှင် လေလမ်းကြောင်းဟာ လေတွေနဲ့ ပြည့်နေပေမယ့် ယောင်ရမ်းလာတဲ့အခါ နှာရည်တွေနဲ့ ပိတ်ဆို့လာပါတယ်၊ အဲဒီကနေတစ်ဆင့် ရောဂါပိုးတွေပေါက်ပွားပြီး အသက်ရှုလမ်းကြောင်းမှာ ရောဂါကူးစက်တာဖြစ်ပါတယ်။

လေလမ်းကြောင်းပိတ်ဆို့ရတဲ့ အဓိကအချက်တွေကတော့ မကြာခဏအအေးမိတာ၊ နှာသီးယောင်တတ်တာတွေနဲ့ အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကြောင့်ဖြစ်ပါတယ်။ နှာခေါင်းတွေ ပိတ်ခဲလွန်းပြီး အသက်ရှုမဝတာတွေ ဖြစ်လာပြီး အခြေအနေဆိုးရင် နှားခေါင်းထဲမှာ အနာဖြစ်ကာ ပုတ်စော်နံလာတဲ့ထိ ဖြစ်တတ်ပါတယ်။ ယင်းရောဂါကို မြန်မာအခေါ် ‘ထိပ်ခတ်နာ’ လို့ လူသိများကြပါတယ်။

ထိပ်ခတ်နာအတွက် လွယ်လွယ်ကူကူနဲ့ အရှင်းပျောက်စေမည့် တိုင်းရင်းဆေးနည်းကို ညွှန်ပြလိုက်ပါတယ်။

မရိုးပင်ဆေးနည်း

အချို့ဒေသများက ‘ငဖြူကြီး’ ဟုလည်း ခေါ်ကြသော ‘မရိုး’ပင်ကို မြန်မာနိုင်ငံနေရာအနှံ့ ချောင်းဘမ်းဘေး၊ ရထားလမ်းတစ်လျှောက်နဲ့ လယ်ကန်သင်းတွေမှာ အလေ့ကျပေါက်နေတာ တွေ့ရတတ်ပါတယ်။ မရိုးပင်၏ အစွမ်းမှာ များပြားလွန်းလှပါတယ်။ အညာဒေသ၌ နွားနို့ကို ခဲရာတွင် မရိုးကို အသုံးပြုကြသည်။ ဒါ့အပြင် မရိုးပင်ကို မျက်စိနာပျောက်ဆေး၊ အနာကြီးရောဂါပျောက်ဆေး၊ တင်းတိတ်ပျောက်ဆေး၊ လိပ်ခေါင်းပျောက်ဆေးများအဖြစ် မရိုးပက်ရဲ့ အရွက် အပွင့် အကိုင်းတို့ကနေ ဆေးဖော်စပ်ကြပါတယ်။

ဆေးနည်း (၁)

ထိပ်ခတ်နာအတွက် ဆိုပါက ငဖြူကြီးရွက်(ခ)မရိုးရွက် ကို ခူးပြီးနောက် အရွက်ပေါ်မှ အမွှေးများပါမကျန် လက်နဲ့ပွတ်ချေပြီး ရှုပေးပါက နှာခေါင်းအတွင်း ပိတ်ဆို့နေသမျှ နှာရည်ပေါက်ပေါက်ယိုကာ ထွက်ကျလာပြီး ပျောက်ကင်းသက်သာလာမည်။

ဆေးနည်း (၂)

ဒုတိယတစ်နည်းမှာ ငဖြူကြီးရွက်(ခ)မရိုးရွက် ကိုပဲ အခြောက်လှမ်းပါ။ ခြောက်သွေ့သွားတဲ့အခါ မရိုးရွက်ခြောက်ကို မီးရှို့ပြီး ရှုပေးပါကလည်း ထိတ်ခတ်နာ ပျောက်ကင်းသက်သာစေကြောင်း သိရသည်။

မှတ်ချက်။  ။ ရောဂါ၏ အနုအရင့် အခြေအနေအလိုက် တိုင်းရင်းဆေးနည်းများကို သုံးစွဲရန် သင့်/မသင့် နားလည်တတ်ကျွမ်းသည့် ဆရာဝန်ကြီးများနဲ့ တိုင်ပင်သင့်ပါကြောင်း ထပ်လောင်း အကြံပြုပါရစေ။


17 Dec 2019     2,933 Views




RELATED

Most Popular of Health Fix

Most Popular of Life Style