BEC-TERO TV

Lion King ဇာတ်ကားထဲကလို တစ်ကယ့်အဖြစ်ပျက် (ရုပ်သံ)

04 Mar 2020     1,537 Views


တောင်အာဖရိကနိုင်ငံ ကရူဂျာ အမျိုးသားဥယျာဉ် (Kruger National Park) ဆဖာရီ တောတွင်းလှည့်လည် ခရီးစဉ်ကို လာရောက် လည်ပတ်တဲ့ ခရီးသွားအချို့က တောထဲမှာ သဘာဝအတိုင်း လှည်လည်သွားလာနေကြတဲ့ တောရိုင်းတိရိစ္ဆာန်လေးများရဲ့ အပြုအမူကို မှတ်တမ်းတင်ထားခဲ့ရာမှာ မထင်မှတ်ပဲ Lion King ကာတွန်းရုပ်ရှင်ဇာတ်ကားထဲကလို ခြင်္သေ့ပေါက်လေးတစ်ကောင်ကို မျောက်လွှဲကျော် တစ်ကောင်က သစ်ပင်ထိပ်ဖျားသို့ တက်ကာ ချီမြှောက်ထားတဲ့ ရုပ်သံကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ရုပ်သံမှာတော့ ခန္ဓာကိုယ် သန်မာထွားကြိုင်းတဲ့ ဘာဘွန်းမျောက်(မျောက်လွှဲကျော်) အထီးတစ်ကောင်က ခြင်္သေ့ပေါက်စလေး တစ်ကောင်ကို ပွေ့ဖက်ထားပြီး သစ်ပင်ပေါ်ကို တက်သွားပါတယ်။ အဲဒီနောက် ခြင်္သေ့လေးကို သူ့ရဲ့သားသမီး အရင်းပမာ တယုတယနဲ့ ဂရုစိုက်စောင့်ရှောက်နေခဲ့တာကို တွေ့ရပါတယ်။

ဥယျာဉ်မှူးရဲ့အဆိုအရ ပုံမှန်သောအားဖြင့် ဘာဘွန်းမျောက်တွေဟာ ခြင်္သေ့နဲ့ ကျားသစ်တွေကို ရန်သူလိုသဘောထားကြပြီး သူတို့အချင်းချင်း မတည့်ကြတဲ့တရိစ္ဆာန်တွေလို့ ဆိုပါတယ်။

အခုဖြစ်စဉ်မှာတော့ ခြင်္သေ့ပေါက်လေးကို သူ့အမေက အစာရှာထွက်သွားတဲ့အချိန်မှာ တောင်ထိပ်က ကျောက်ဆောင်ကြားမှာ ဖွက်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာ မျောက်အုပ်ကြီး ရောက်လာပြီး ခြင်္သေ့လေးကို တွေ့သွားကာ ယူလာခဲ့တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မျောက်တွေက ခြင်္သေ့ပေါက်လေးကို ရန်မရှာပဲ ဂရုတစိုက် ယုယနေတာကတော့ တစ်ကယ်အံ့သ◌ြဖို့ကောင်းတယ်လို့ ဆိုပါတယ်။

သစ်ပင်သစ်ကိုင်း တစ်နေရာကနေတစ်နေရာစီသို့ လွဲလွဲပြီးသွားနေတဲ့ ဘာဘွန်းမျောက်ရဲ့ ရင်ခွင်ထဲက ခြင်္သေ့ပေါက်လေးဟာ ခန္ဓာကိုယ်အနှံ့မှာ ပွန်းပဲ့ထိရှဒဏ်ရာတွေနဲ့ ပင်ပန်းနေပြီဖြစ်ပါတယ်။ ဒီခြင်္သေ့ပေါက်လေးရဲ့ ကံကြမ္မာဟာ ဒဏ်ရာတွေကြောင့် ဒါမှမဟုတ်ရင် ဘာဘွန်းမျောက်တွေရဲ့ တိုက်ခိုက်မှုကြောင့် အသက်အန္တရာယ် ရှိနိုင်တယ်လို့ ဆိုပါတယ်။

 


04 Mar 2020     1,537 Views




RELATED

Most Popular of Special or Others

Most Popular of Life Style