BEC-TERO TV

အသင့်စားခေါက်ဆွဲခြောက်များမှ “ဆိုဒီယမ်” နှင့် ကျန်းမာရေးအန္တရာယ်

03 Jun 2020     1,609 Views


ထိုင်းနိုင်ငံ Smart Buy မဂ္ဂဇင်းရဲ့ စစ်တမ်းလေ့လာမှုအရ အသင့်စားခေါက်ဆွဲခြောက်ဗူး အချို့မှာ ဆိုဒီယမ်ပါဝင်မှု 2,360 မီလီဂရမ် ပါဝင်နေပြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားသော ပမာဏထက်လွန်ကဲနေတာ‌တွေ့ရှိ ရပါတယ်။ ဒါဟာ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အရိုးပွရောဂါ တို့ကိုဖြစ်ပွား စေနိုင်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံ တော်တော်များများမှာ COVID-19 ရောဂါအခြေအနေကြောင့်‌ ရောဂါပျံ့နှံ့မှုကာကွယ်တားဆီးရန်အတွက် အာဏာပိုင်အစိုးရများကပြည်သူများအား လူစုလူဝေးရှောင်ရှားရန်၊ အိမ်တွင်း၌သာနေထိုင်ရန်၊ အိမ်တွင်သာအလုပ်လုပ်ရန် စသောအစီအမံတွေ အရေးပေါ်အမိန့်တွေ ထုတ်ပြန်ကြေငြာထားပါတယ်။ ထို့ကြောင့် လူအများစုမှာ အစားအစာ၊ ကုန်ခြောက်ကုန်ကြမ်းပစ္စည်းများကို အလုအယက် ရှာဝယ်သိုလှောင်ထားလျက် ရှိခဲ့ပါတယ်။

အစားအသောက်ကုန်ကြမ်းများထဲမှာမှ စားသုံးသူများရဲ့ အဝယ်စားဆုံး အစားအစာကတော့ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေပဲ ဖြစ်ပါတယ်။

အဆိုပါ စစ်တမ်းလေ့လာမှုမှာ ‌ စျေးဝယ်စင်တာ နှင့်‌‌ စျေးဆိုင်တွေမှာရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်ဗူးတွေ၊ အထုပ်တွေ၊ ကြာဇံ၊ ရာမင် (Ramen) အူဒုံ (Udon) အမျိုးအမည်ပေါင်း ၂၃ ခုကို စစ်ဆေးကြည့်သောအခါ အမျိုးအမည်နှင့်အရသာအလိုက်၊ စာအညွှန်းအလိုက် ဆိုဒီယမ်ပမာဏပါဝင်မှု ကွဲပြားခြားနားနေသည်ကို တွေ့ရပါတယ်။ ထို့ကြောင့် စားသုံးသူများအနေဖြင့် စာအညွှန်းမှာပါဝင်သော ဆိုဒီယမ်ပမာဏကို‌လေ့လာချင့်ချိန်ပြီးမှသာ စားသင့်ပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် တစ်နေ့လျှင် ဆိုဒီယမ်ပမာဏ 2000 မီလီဂရမ်ထက် ပိုမစားဖို့ အကြံပြုထားပါတယ်။ ထို့ကြောင့် တစ်နေ့တာရဲ့ထမင်းသုံးနပ်စာကို ပျမ်းမျှကြည့်လိုက်ရင် တစ်နပ်မှာ 666 မီလီဂရမ်ထက်ပိုမစားသင့်ကြောင်း တွေ့ရပါတယ်။

Smart Buy မဂ္ဂဇင်း၏အချက်အလက်အရ အသင့်စားခေါက်ဆွဲခြောက်အချို့အမှတ်တံဆိပ်တွေမှာ ဆိုဒီယမ်ပမာဏ 2,360 မီလီဂရမ်အထိရှိတာတွေ့ရှိရပါတယ်။ ၎င်းသည် တစ်နေ့တာအတွက်လိုအပ်သော ဆိုဒီယမ်ပမာဏထက် ပိုများနေပါတယ်။ အခြား အမှတ်တံဆိပ် ၂၃  ခုတွင်လည်း ဆိုဒီယမ်ပမာဏ 666 မီလီဂရမ်အထက်ကျော်နေသည်လည်းတွေ့ရှိရပါတယ်။ အနိမ့်ဆုံးမှာ 700 မီလီဂရမ်ဖြစ်ပါတယ်။ အသင့်စားခေါက်ဆွဲခြောက်အများစုရဲ့ ဆိုဒီယမ်ပမာဏပျမ်းမျှဟာ 1,500 / 1,600 မီလီဂရမ်ဖြစ်ပြီး၊ ၎င်းသည် တစ်နေ့တာအတွက်လိုအပ်သော ဆိုဒီယမ်ပမာဏနှင့် ညီမျှနေသည်။ 

အသင့်စားခြောက်ဆွဲခြောက်များသည် စားလို့ရသော်လည်း မကြာခဏဆိုသလို မစားသင့်ပါ။ အခြား အစာအာဟာရဓါတ်များရရှိအောင် အသား၊ ကြက်ဥ၊ အရွက်များနှင့် ဖြည့်စွက်ထည့်စား ပေးသင့်ပါတယ်။ 

ထို့အပြင် ဆိုဒီယမ်ပမာဏ ပိုမများသွားအောင်လည်း ငံပြာရည်ထပ်ဖြည့်တာ၊ ဆားထပ်ဖြည့်တာမျိုး မလုပ်သင့်ပါ၊ အထုပ်ထဲက ပါလာတဲ့ဟင်းခပ်အမှုန့်ကိုလည်း တစ်ဝက်သာထည့်ရန်နှင့် ဒါမှမဟုတ် ဟင်းရည်ကိုအကုန်လုံး မသောက်သင့်ပါ။

ထို့အပြင် နေ့စဉ် (သို့) အတိုင်းထက်အလွန် မကြာခဏ မစားသင့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ အခြားအစားအစာများမှလည်း ဆိုဒီယမ်ကိုရရှိနေသေးတာကြောင့် အကယ်၍ ခန္ဓာကိုယ်က တစ်နေ့တာလိုအပ်သော ပမာဏထက်လွန်ကဲစွာရရှိရင် သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အရိုးပွရောဂါ အစရှိသောရောဂါများကို ဖြစ်နိုင်ခြေပိုများစေပါတယ်။

(ပိုပိုလေး)

 


03 Jun 2020     1,609 Views




RELATED

Most Popular of Special or Others

Most Popular of Life Style