BEC-TERO TV

အသက်အရွယ်အလိုက် နို့သောက်ခြင်း၏အကျိုးကျေးဇူးများ

30 Jun 2020     1,541 Views


နို့တွေမှာ အဓိကပါဝင်သောအာဟာရတန်ဖိုးများမှာ ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်၊ ကယ်လ်စီယမ်၊ ရေနှင့် ဓါတ်သတ္တုအမျိုးမျိုး ပါဝင်ပါတယ်။ သွားနှင့်အရိုးများကို သန်မာစေတယ်၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေတယ် အစရှိတဲ့အကျိုးကျေးဇူးများစွာရှိတယ်။ နို့သောက်ခြင်းမှ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးအများဆုံးရရှိရန် အသက်အရွယ်အပိုင်းအခြားအလျောက် အသင့်တော်ဆုံးနှင့် ဘယ်လိုအကျိုးကျေးဇူးတွေ သက်ရောက်မလဲ.. ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သတ်ပြီး တင်ဆက်ပေးချင်ပါတယ်။
 

• မွေးကင်းစအရွယ်ကလေး

 
 
 
နို့၏အကျိုးကျေးဇူးကို မွေးကင်းစအရွယ်ကလေး မိခင်နို့ချိုစသောက်တဲ့အချိန်ကတည်းကမှ စတင်ရရှိနေပါပြီ။ မိခင်နို့ဟာဆိုရင် မွေးကင်းစကလေးအတွက် အာဟာရတန်ဖိုးအရှိဆုံးနှင့် အသင့်တော်ဆုံးဖြစ်ပါတယ်။ ကလေးများကို ၆ လ ဆက်တိုက်မိခင်နို့တိုက်ကျွေးပေးသင့်ပြီး (သို့) အသက်အရွယ်အလိုက် ဖြည့်စွက်စာများနှင့်တွဲဖက်ပြီး ၂ နှစ်အထိ တိုက်ကျွေးရန်လည်း လိုအပ်ပါတယ်။ မိခင်နို့မှရရှိသောအကျိုးကျေးဇူးများမှာ ကလေးအတွက်အကောင်းဆုံး ကိုယ်ခံစွမ်းအားကိုတည်ဆောက်ပေးတယ်၊ သင့်တင့်လျောက်ပတ်တဲ့ ခန္ဓာကိုယ်ကြီးထွားမှုဖြစ်စေတယ်၊ ဉာဏ်ရည်ဉာဏ်သွေး စိတ်ခံစားမှု ကောင်းမွန်စေတယ်၊ အရိုးထုများသိပ်သည်းမှုပိုရှိစေတယ် အစရှိသဖြင့်ပါ။ 
 

• ကလေးသူငယ်များ

အရွယ်နည်းနည်းရောက်လာတဲ့ ကလေးအရွယ်တွေမှာ အချိုမပါတဲ့နွားနို့စစ်စစ်သောက်တာ အကောင်းဆုံးပါ။ အကျိုးကျေးဇူးလည်း အပြည့်အဝရရှိတယ်။ အချိုနှင့်အရသာအမျိုးမျိုး ထပ်မံဖြည့်ဆည်းထားတဲ့ နို့အသီးသီးအလျောက် အာဟာရတန်ဖိုးတွေလည်း လျော့ကျသွားပါတယ်။ အချိုမပါတဲ့နို့သောက်ခြင်းရဲ့ ကောင်းကျိုးဟာ အချိုစွဲလမ်းမှုကိုလျှော့ချပေးတယ်၊ သွားပိုးပေါက်ခြင်း၊ အဝလွန်ခြင်းနှင့် ဆီးချိုရောဂါတွေကနေ လျှော့ချပေးတယ်။ ထို့ကြောင့် ကလေးများစနစ်တကျကြီးထွားဖွံ့ဖြိုးဖို့အတွက် အစာအာဟာရ (၅) အုပ်စုစုံစုံလင်လင်နှင့် ကိုယ်လက်လှုပ်ရှားမှုများရှိဖို့လည်း လိုအပ်ပါတယ်။ 
 

• လူလယ်လူလတ်ပိုင်း

အရွယ်ရောက်သူများအတွက် အထူးသဖြင့် သွေးထဲအဆီများသောသူတွေမှာ နွားနို့စစ်စစ်မသောက်ရန်၊ အဆီမပါတဲ့နို့သောက်ရန် အကြံပြုချင်ပါတယ်။ ကိုယ်ဝန်ဆောင်နေသော (သို့) နို့တိုက်မိခင်များအတွက် ပုံမှန်အတိုင်းနို့သောက်နိုင်ပါတယ်။ နို့၌ပါဝင်သော ကယ်လ်စီယမ်သည် မိခင်နှင့်သန္ဓေသား၏အရိုးတွေကို အထောက်အကူဖြစ်စေပါတယ်။
 

• သက်ကြီးရွယ်အိုများ

ခန္ဓာကိုယ်ဟော်မုန်းအသစ်ထုတ်လုပ်မှုနည်းပါးသွားသော သက်ကြီးရွယ်အိုတွေမှာ နို့သောက်ပေးခြင်းမှ ခန္ဓာကိုယ်ပျက်စီးယိုယွင်းသွားတဲ့နေရာတွေကို ပြန်လည်ပြုပြင်မွမ်းမံပေးပါတယ်။ တစ်နေ့လျှင် တစ်ခွက်သောက်ပေးသင့်ပါတယ်။
 
(ပိုပိုလေး)
 

30 Jun 2020     1,541 Views




RELATED

Most Popular of Health Fix

Most Popular of Life Style