BEC-TERO TV

ချောင်းဆိုးရင် စားဖို့မသင့်တော်တဲ့အစားအစာ (၈) ခု

02 Jul 2020     3,248 Views


ချောင်းတွေဆိုးနေ၍ ဆေးသောက်နေသော်လည်း လွယ်လွယ်နဲ့မသက်သာတာက တခါတရံ အစားအသောက်နဲ့လည်း ဆိုင်ပါတယ်။ တချို့အစားအစာတွေက ချောင်းပိုဆိုးစေနိုင်တယ်ဆိုတာ သင်သိပါသလား။ ဆောင်ရန်ရှောင်ရန်အတွက် ဘာအစားအစာတွေဖြစ်မလဲဆိုတာ ကြည့်ကြရအောင်။
 

1. ချိုလွန်းတဲ့အစားအစာများ

 
အချိုများတဲ့မုန့်ပဲသွားရည်စာများ၊ အချိုရည်တို့၊ အအေးဗူးတို့ ဖြစ်ပါတယ်။ ဒီအစားအစာတွေထဲက ပါဝင်တဲ့ သကြားဟာ ခန္ဓာကိုယ်တွင်း ပိုးဝင်တာ၊ ရောင်ရမ်းတာတွေ ပိုဖြစ်စေတယ်။ ထို့ကြောင့် အအေးမိချောင်းဆိုးတဲ့အချိန်တွေမှာ အချိုလွန်ကဲတဲ့အစားအစာများ ရှောင်ကြဉ်သင့်ပါတယ်။

2. အရမ်းအေးတဲ့အစားအစာများ

 
ရေခဲ၊ ရေခဲရေ၊ ရေခဲမုန့် အစရှိတဲ့ အေးတဲ့အစားအစာများလည်း ချောင်းကို ပိုဆိုးစေနိုင်ပါတယ်။
 
 

3. အရသာလွန်ကဲတဲ့ (သို့) အဆီများတဲ့အစားအစာများ

 
အရသာလွန်ကဲတဲ့ (သို့) အဆီများတဲ့အစားအစာများဟာ လည်ချောင်းကိုယားယံစေပြီး ချောင်းပိုဆိုးစေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
 

4. အအေးဓါတ်ရှိတဲ့အသီးများ

 
အအေးဓါတ်ပေးစွမ်းတဲ့အသီးများဖြစ်တဲ့ ဖရဲသီး၊ သခွားမွှေးသီး အစရှိတဲ့အသီးတို့ဟာ သူ့ရဲ့အရည်ရွှမ်းပြီးအအေးဓါတ်တွေကြောင့် လည်ချောင်းကိုယားယံပြီး ချောင်းပိုဆိုးစေနိုင်ပါတယ်။
 

5. အသားများပြီးမာတဲ့ အစာချေခက်တဲ့အသီးများ 

 
အအေးဓါတ်အသီးများအပြင် အသားများပြီး မာတဲ့အသီးများဖြစ်တဲ့ သရက်သီးအစိမ်း၊ သင်္ဘောသီးအစိမ်း၊ ငှက်ပျောသီး တို့သည်လည်း ချောင်းပိုဆိုးစေနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အအေးမိဖျားနာပြီးချောင်းတွေဆိုးနေတဲ့အချိန်မှာ ခန္ဓာကိုယ်က အပူချိန်များနေတဲ့အချိန်၊ ထိုကဲ့သို့သော အသီးများစားပြီး ခန္ဓာကိုယ်က စွမ်းအားများစွာကို လောင်ကျွမ်းသွားရတယ်။ ထိုအခါ ခန္ဓာကိုယ်ရှိအပူချိန်က မြင့်မားပြီး ပိုဆိုးစေတာက တက်တာမျိုးပါ ဖြစ်စေနိုင်ပါတယ်။  
 

6. နို့နှင့်နို့ထွက်ပစ္စည်းများ

 
နို့တွင် ကျန်းမာရေးအတွက်အကျိုးရှိသော်လည်း နို့မှပရိုတင်းနှင့်ဓါတ်မတည့်သူတွေအတွက် နို့နှင့်နို့ထွက်ပစ္စည်းများအားလုံးကို ရှောင်ကြဉ်ဖို့အလွန်အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေဟာ နှာရည်ကို ပိုယိုစေနိုင်ပြီး ကပ်စေးစေးပိုဖြစ်စေပါတယ်။ အသက်ရှူခက်တာလည်း ပိုခံစားရတယ်။ 
 

7. အယ်ကိုဟောပါတဲ့အရက်သေစာများ

 
အယ်ကိုဟောပါတဲ့အရက်သေစာများဟာ ကိုယ်ခံအားကိုဖိတဲ့အစွမ်းရှိတဲ့အပြင် သောက်ဆေးတွေရဲ့အာနိသင်ကိုလည်း ပျောက်ပြယ်စေတယ်။ ထို့ကြောင့် နေမကောင်းဖျားနာပြီး ချောင်းတွေဆိုးနေတဲ့အချိန်တွေမှာ လုံးဝမသောက်သင့်တဲ့အရာတွေပါ။
 

8. ပေါင်မုန့်နှင့်ခရက်ကာမုန့်များ

 
အထူးသဖြင့် အရောင်ချွတ်ထားတဲ့ပေါင်မုန့်နှင့်ခရက်ကာမုန့်များ ဖြစ်ပါတယ်။ နေမကောင်းတဲ့အချိန်တွေမှာ စားလို့လွယ်ကူတဲ့အစားအစာဖြစ်ပေမယ့် အရောင်ချွတ်ထားတဲ့မုန့်တွေဟာ ချေဖျက်ပြီးသကြားအဖြစ်လျင်မြန်စွာပြောင်းလဲသွား၍ နေမကောင်းအားနည်းနေတဲ့ခန္ဓာကိုယ်ကို ပိုးဝင်တာ၊ ရောင်ရမ်းတာ တိုကို့ပိုဖြစ်လွယ်စေတယ်။ အရောင်မချွတ်တဲ့ဂျုံကြမ်းတွေနဲ့ပြုလုပ်ထားတဲ့ မုန့်တွေသာစားရန် အသင့်တော်ဆုံးပါ။
 
အခု ဖော်ပြတဲ့အစားအစာများသည် အအေးမိနေမကောင်းဖြစ်ပြီး ချောင်းဆိုးနေတဲ့၊ နှာရည်တွေယိုပြီးအသက်ရှူခက်နေတဲ့သူတွေ ဒီလိုအချိန်မျိုးမှာ ရှောင်ကြဉ်ပေးသင့်တဲ့အစာအစားများကို ဖော်ပြပေးခြင်းဖြစ်ပါတယ်။
 
(ပိုပိုလေး)

02 Jul 2020     3,248 Views




RELATED

Most Popular of Health Fix

Most Popular of Life Style