BEC-TERO TV

အသက်ရှည်ဆေး ဒူးရင်းသီး

05 Jul 2020     1,404 Views


အလုံးကလည်းဆူးတွေနဲ့ အနံကလည်း ဆိုးသေး။ မစားချင်ပါဘူး … ။
အဲ့လိုမထင်လိုက်ပါနဲ့။ ဒူးရင်းသီးဟာ စားတတ်ရင် အရမ်းဆေးဖက်ဝင်ပါတယ်။
 
ဒူးရင်းသီးစားရင် ဘာတွေဖြစ်မလဲဆိုတော့
 
အစာခြေစနစ်ကို ကူညီပေးပါတယ်။
ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။
အမျှင်ဓာတ်ပါတဲ့ စားစရာလည်း ဖြစ်ပါတယ်။
သကြားဓာတ်နည်းလို့ ဆီးချိုကို ဟန့်တားပေးပါတယ်။
သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေပါတယ်။
သွေးတိုးခြင်းမှ ကာကွယ်ပေးပါတယ်။
Vitamin C လည်း ၈၀% ပါဝင်လို့ ရောဂါဝင်ရောက်မှုကို တားဆီးပေးပါတယ်။
 
ကင်ဆာမဖြစ်အောင်လည်း ဒူးရင်းသီးက တာဝန်ယူပါတယ်။
 
နှလုံးကို ကျန်းမာစေပါတယ်။
 
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်ပမာဏကို ထုတ်ပေးနိုင်ပါတယ်။
 
ဓာတ်တိုးဂုဏ်သတ္တိပါဝင်လို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။
 
အာရုံကြောတွေကို အားကောင်းလာစေပါတယ်။
 
ဦးနှောက်သို့ သွေးစီးဆင်းမှုကို တိုးမြှင့်ပေးလို့ မှတ်ဥာဏ်မေ့လျော့ခြင်းနှင့် အာရုံမစူးစိုက်နိုင်ခြင်းတို့ကို တားဆီးပေးပါတယ်။
သက်စောင့်ဓာတ်အနေနဲ့လည်း တာဝန်ယူထားပါသေးတယ်။
အယ်ဇိုင်းမားရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးတဲ့ သဘာဝဓာတ်စာလည်း ဖြစ်ပါတယ်။
 
ဒူးရင်းသီးဟာ ရာသီစာဖြစ်ခဲ့ပေမယ့်လို့ ခုချိန်မှာ ရာသီမရွေး နေရာမရွေး ဝယ်ယူစားသုံးနိုင်နေပါပြီ။ ရာသီဥတုပူပြင်းတဲ့အချိန်မျိုးမှာ ဒူးရင်းသီး အများကြီး စားတာမျိုး မဖြစ်စေဖို့တော့ ဂရုပြုရပါမယ်။ တန်ဆေး လွန်ဘေးဆိုတဲ့စကားအတိုင်း မများလွန်းတဲ့ ပမာဏလောက်သာ စားသုံးပေးမယ်ဆိုရင် သက်ရှည်ကျန်းမာစေမှာ မလွဲဧကန်ပါပဲ...။
 
Sources: Myanmar Food

05 Jul 2020     1,404 Views




RELATED

Most Popular of Health Fix

Most Popular of Life Style