BEC-TERO TV

အဆီပြန်သော ဆံပင်ပိုင်ရှင် များအတွက်

31 Oct 2020     2,312 Views


လှပသန်စွမ်းနေစေဖို့

 
ထိပ်ပြောင်သူတွေမှာ အဆီပြန်တဲ့ ဦးရေပြားလည်း ရှိတတ်ပါတယ်။ ဒါ့အပြင် ပျော့ပျောင်းတဲ့ ဆံပင် ပိုင်ရှင်တွေဟာလည်း ဆံသား အဆီပြန်တဲ့ ပြဿနာနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ပျော့ပျောင်းတဲ့ ဆံသား ပိုင်ရှင်တွေဟာ ဦးရေပြား တစ်လက်မ ပတ်လည်အတွင်း ရှိတဲ့ ဆံပင်မွေး ပမာဏ ပိုများတဲ့ အတွက်ကြောင့်ပါ။ ဆံသား တစ်ချောင်းစီရဲ့အောက်ခြေမှာ အဆီဂလင်း ကိုယ်စီရှိပြီး အဆီထုတ်ပေးလေ့ ရှိပါတယ်။ ဒါကြောင့် ဆံပင်ချောင်းများများ ရှိလေလေ၊ အဆီဂလင်း များများရှိပြီးအဆီပိုထုတ်လေလေ ဖြစ်တာမို့ အဆီများတဲ့ ဆံပင်ပိုင်ရှင် ဖြစ်လာပါတယ်။ ဆံပင် ပျော့ပျောင်းပြီး ထိပ်ပြောင်သူတွေရဲ့ ဦးရေပြားမှာ အဆီဂလင်း ၁၄၀,၀၀၀ ခန့်ထိ ရှိတတ်တယ်လို့ ဆံသား ကျွမ်းကျင်သူတွေက ပြောပါတယ်။ ပုံမှန်လူတွေရဲ့ ဦးခေါင်း တစ်ခေါင်းမှာ ဆံသားမျှင် ၈၀,၀၀၀ မှ ၉၀,၀၀၀ ထိသာ ရှိတတ်ပါတယ်။ ဒါ့အပြင် ဆံပင်ဖြောင့်သူတွေရဲ့ ဆံသားဟာ အဆီပြန်တတ်ပြီး ကောက်သားပိုင်ရှင်တွေက အဆီပြန်တာ နည်းပါတယ်။ ဒါ့အပြင် ဆံပင်ကို Dryer သုံးပြီး အခြောက်ခံတာနဲ့ စိုထိုင်းဆ ရှိတာဟာလည်း အဆီထုတ်လုပ်မှုကို လှုံ့ဆော်တတ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲ (ဥပမာ - အမျိုးသားဟော်မုန်း အင်ဒရိုဂျင်) ဟာ အဆီဂလင်းကို လှုံ့ဆော်ပေးပါတယ်။ စိတ်ဖိစီးမှုများတာကြောင့် အမျိုးသမီးတွေနဲ့ အမျိုးသားတွေမှာပါ အင်ဒရိုဂျင် ဟော်မုန်း အဆင့်မြင့်မားတတ်ပါတယ်။ အမျိုးသားတွေမှာ အမျိုးသမီးတွေထက် Androgen ပိုများတာမို့ သူတို့မှာ အဆီပြန်တဲ့ဦးရေပြား ပိုရှိတတ်ပါတယ်။ ဒါ့အပြင် အမျိုးသားတွေရဲ့ ဆံသားဟာ ပျော့ပြောင်းပြီး ဦးရေပြား တစ်လက်မပတ်လည်မှာ ဆံခြည်မျှင် ၃၁၁ ပင် ရှိပေမယ့် အမျိုးသမီးတွေမှာ ၂၇၈ ပင်သာ ရှိတာမို့ အမျိုးသားတွေရဲ့ ဦးရေပြားဟာ အဆီပိုပြန်တတ်ပါတယ်လို့ ဆံသားကျွမ်းကျင်သူတွေက ဆိုထားပြီး အောက်ပါအတိုင်း အကြံပေးထားပါတယ်။
 

ဦးခေါင်းကို နှိပ်နယ်ပါ

 
ခေါင်းမလျှော်ခင် ဦးခေါင်းကို နှိပ်ပေးပါ။ မကြာခဏ ခေါင်းလျှော်ပါအဆီပြန်တဲ့ ဦးရေပိုင်ရှင်တွေအတွက် တစ်နေ့တစ်ကြိမ် ခေါင်းလျှော်တာဟာ အကောင်းဆုံး နည်းလမ်းပါ။ နေအပူရှိန်နဲ့ စိုထိုင်းဆ မြင့်မားတဲ့ နေ့တွေမှာ အဆီဂလင်းကို ပိုမို လှုံ့ဆော်နိုင်တာကြောင့် တစ်နေ့ နှစ်ကြိမ် ခေါင်းလျှော်ပေးပါ။ အဆီဂလင်းတွေမှ အဆီကို အဆက်မပြတ် ထုတ်လုပ်နေတဲ့အတွက် ခေါင်းလျှော်တာကြောင့် အဆီတွေကို ဖယ်ရှားနိုင်တာအတွက်ပါလို့ ဆိုပါတယ်
 

ခေါင်းလျှော်ရည် အကြည်ရောင်ကို သုံးပါ

 
အကြည်ရည် ဖြစ်တဲ့အတွက် ခေါင်းလျှော်ရည်ထဲမှာ ချွဲကျိတဲ့အရာတွေ ပါဝင်မှု နည်းသွားပြီး အဆီတွေကို သန့်စင်အောင် ဖယ်ရှားနိုင်ပါတယ်။
 

Conditioner အသုံးမပြုပါနှင့်

 
အဆီပြန်တဲ့ ဆံသားပိုင်ရှင်တွေ အနေနဲ့ ခေါင်းလျှော်ရည် Conditioner အသုံးမပြုသင့်ပါ။ Conditioner လိုအပ်တယ်လို့ ထင်ရင်လည်း အဆီအနည်းဆုံး ပါဝင်တဲ့ ဒါမှမဟုတ် အဆီပါဝင်မှု မရှိတဲ့ Conditioner ကို အသုံးပြုပြီး ဆံပင်အဖျားမှာသာ သုံးပေးပါ။နှစ်ကြိမ်လျှော်ပါအဆီပြန်တဲ့ ဦးရေပိုင်ရှင်တွေဟာ ခေါင်းတစ်ခါလျှော်တိုင်း နှစ်ကြိမ်လျှော်ပေးပါ။ တစ်ကြိမ်စီမှာ ခေါင်းလျှော်ရည်ကို ဦးရေပြားပေါ်မှာ ငါးမိနစ်စီ ထားပေးပါ။ ခေါင်းလျှော်ပြီးလျှင် အဆီ ရှိ၊ မရှိ စစ်ဆေးပါ ခေါင်းလျှော်ပြီးလို့ ဆံပင်ခြောက်အောင် သုတ်ပေးပြီးရင် ဆံသားမှာ အဆီပြန်တာ ရှိ၊ မရှိ စစ်ဆေးပါ။ အဆီပြန်သေးရင် ခေါင်းလျှော်တာ အဆီတွေ စင်အောင် မသန့်စင်နိုင်သေးလို့ပါ။ တစ်ကြိမ်ထပ်ပြီးခေါင်းလျှော်ပါ။ ဆံသားပေါက်ရာ လမ်းကြောင်း ပြောင်းပြန်အတိုင်း အခြောက်ခံပါအဆီပြန်တဲ့ ဆံပင်ပိုင်ရှင်တွေဟာ ခေါင်းလျှော်ပြီး ဒီအတိုင်း အခြောက်ခံထားရင် ဆံပင်ဟာ ပြားကပ်ကပ် ဖြစ်နေတတ်ပါတယ်။ ဆံပင်အုံထူတယ်လို့ ထင်ရအောင် Blow Dry လုပ်ပေးရင် ဆံပင်ကို အရင်းမှ မတင်ပြီး အထက်သို့ လှန်ကာ ခေါင်းဖြီးပေးပါ
 

မကြာခဏ ခေါင်းမဖြီးပါနှင့်

 
အဆီပြန်တဲ့ ဆံသားပိုင်ရှင် ရှိသူတွေဟာ ကြမ်းကြမ်းတမ်းတမ်း ခေါင်းမဖြီးရပါ။ အရင်းမှ ဖိဆွဲပြီး ခေါင်းဖြီးတာကြောင့် ဦးရေပြားပေါ်မှ အဆီတွေဟာ ဆံသားအဖျားဆီ ရောက်သွားနိုင်ပါတယ်။ လှပသော ဆံပင်ပုံစံ ထားပါအဆီပြန်တဲ့ ဆံသားပိုင်ရှင်တွေဟာ ဆံပင်အရှည်ထားပြီး ဆံပင်ဖြန့်ထားမယ်ဆိုရင် ဆံပင်အလေးချိန်ကြောင့် အောက်ကို တွဲကျပြီး ထိပ်မှာ ပြားကပ်နေတတ်ပါတယ်။ စိတ်ဖိစီးမှု လျှော့ချပါသင်ဟာ စိတ်ဖိစီးမှုများနေရင် သင့်ခန္ဓာကိုယ်မှ အင်ဒရိုဂျင်တွေ ပိုထွက်လာပြီး အဆီဂလင်းကို လှုံ့ဆော်တာကြောင့် အဆီတွေ ပိုထွက်လာပါတယ်။ ယောဂလုပ်တာ၊ ထိုက်ချိကစားတာ ဒါမှမဟုတ် တရားထိုင်တာလိုမျိုး စိတ်ဖိစီးမှု လျော့စေတဲ့ နည်းလမ်းတွေ ပြုလုပ်ပေးပါ။
 

သန္ဓေတားဆေးများကို သတိထားပါ

 
သန္ဓေတားဆေးတွေကြောင့် အမျိုးသမီးတွေမှာ ဟော်မုန်း ညီမျှမှုကို ထိခိုက်စေနိုင်ပါတယ်။ သင်ဟာ အဆီပြန်တဲ့ ဆံသားပိုင်ရှင် ဖြစ်ပြီး သန္ဓေတားဆေး အသုံးပြုမယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
 

မီးဖိုချောင်မှ ကုထုံးများ

 
(က) ရှာလကာရည် သုံးပါ
 
ခေါင်းလျှော်ပြီး ရေနဲ့ ဆေးချလို့ နောက်ဆုံးအကြိမ်မှာ ရှာလကာရည် တစ်ဇွန်းကို ရေတစ်ပုလင်းနဲ့ ရောစပ်ထားပြီး ရေနဲ့ ဆေးချပါ။ ဒီအရည်ဟာ လက်ကျန် ဆပ်ပြာ (ခေါင်းလျှော်ရည်) တွေ အားလုံးကို ကင်းစင်စေနိုင်ပါတယ်။ အနံ့အသက်ကျန်မှာ မစိုးရိမ်ပါနဲ့။ ရှာလကာရည် အနံ့ဟာ အမြန် ပျောက်လွယ်ပါတယ်။
 
(ခ) ရှောက်ရည် အသုံးပြုပါ
 
ရှာလကာရည် မရှိရင်လည်း ရှောက်သီး နှစ်စိတ်ကို ရေထဲမှာ ညှစ်ထည့်ထားတဲ့ ရှောက်ရည်ကို အသုံးပြုပါ။
 
Credit:
 

31 Oct 2020     2,312 Views




RELATED

Most Popular of Health Fix

Most Popular of Life Style