BEC-TERO TV

ရှားစောင်းလက်ပတ် နှင့် လူ့ကျန်းမာရေး

16 Nov 2020     1,652 Views


ရှားစောင်းလက်ပတ်ဟာ အရေပြား ကျန်းမာရေးအတွက် အကောင်းဆုံး သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။သူ့ရဲ့အဓိက လုပ်ဆောင်ချက်ကတော့ အရေပြားမှာ ရှိတဲ့ ဆဲလ်တွေကို အောက်စီဂျင်ဓာတ် ပေးစွမ်းခြင်း ဖြစ်ပါတယ်။ ယင်းသို့ ပေးစွမ်းခြင်းဖြင့် တစ်သျှူးများကို အလိုလို ပြုပြင်သန်မာစေပါတယ်။ ဒီတော့ အရေပြားအတွက် သူ့ရဲ့ကောင်းကျိုးများက အောက်ပါအတိုင်း ဖြစ်ပါတယ်။
 
မီးလောင်နာ၊ အရည်ကြည်ဖု၊ နေလောင်ဒဏ်ကြောင့် ပျက်ဆီးသော အရေပြား၊ ထိခိုက်ရှနာမှ ကျန်ရှိသော အမာရွတ်၊ အပူလောင်၊ ယားနာ၊ ဓာတ်မတည့်၍ ထသော အနီဖု၊ စပ်ဖျင်းဖျင်း အနာ၊ နှင်းခူနှင့် အခြားအရေပြားရောဂါတွေကို ရှားစောင်းလက်ပတ်အသား (အနှစ်) လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေ
ပါတယ်။
 
မျက်နှာကို လိမ်းပေးခြင်း၊ ကပ်ပေးခြင်းကလည်း မျက်နှာအသားအရေ ပြုပြင်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဝက်ခြံ၊ တင်းတိတ်များ ပျောက်ကင်းပြီး အသားအရေ နူးညံ့ချောမွေ့ စေပါတယ်။ ဒါကြောင့် အလှကုန်ပစ္စည်းအချို့နဲ့ ကိုယ့်သန့်စင်ဆေးရေ၊ ဆပ်ပြာတို့မှာ ရှားစောင်းလက်ပတ်များ ထည့်သုံးခြင်း ဖြစ်ပါတယ်။ ယင်းကတော့ အပြင်ကအသားအရေကိုကောင်းကျိုးပြု ခြင်းမျှသာ ဖြစ်ပါတယ်။
 
အမှန်တော့ ရှားစောင်းလက်ပတ်က ကိုယ်တွင်း ကျန်းမာရေးအတွက်လည်း အကျိုးထူးတဲ့ ဆေးဝါးတစ်မျိုး ဖြစ်ပါတယ်။
 
နှလုံး၊ အဆုတ်၊ အသည်းနှင့် သက်ဆိုင်သော ရောဂါတော်တော် များများကိုပျောက်ကင်းစေပါတယ်။ အရက်နာကျသူများလည်း ရှားစောင်းလက်ပတ် အစိမ်းလိုက် စားသုံးခြင်းဖြင့် အသည်းကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေတယ်လို့ သိရပါတယ်။
 
ကင်ဆာရောဂါအတွက် ဆေးဝါးတစ်မျိုးလည်း ဖြစ်တဲ့အတွက် ဆေးတွေမှာလည်း ရှားစောင်းကို အသုံးပြုပါတယ်။ အဓိက ကတော့ ကိုယ်တွင်းမှာ အပူကြောင့်ဖြစ်တဲ့ရောဂါမှန်သမျှကို ကုသပေးခြင်း ဖြစ်ပါတယ်။ သွားကျန်းမာရေး အတွက်လည်းကောင်းမွန်တဲ့အတွက် သွားတိုက်ဆေးတွေမှာလည်း တွေ့ရတတ်ပါသေးတယ်။ သူအကျိုးမပြုတဲ့နေရာက မရှိသလောက်ကို လူသားကျန်းမာရေးအတွက် တကယ်ကို အကျိုးပြုပါတယ်။ ဒါကြောင့်လည်း ရှားစောင်းလက်ပတ် အချိုရည်၊ ယို၊ ဆေး၊ ကိုယ် သန့်စင်ဆေး၊ ဆပ်ပြာ အစရှိသဖြင့် ပေါ်ပေါက် လာရခြင်း ဖြစ်ပါတယ်။
 
Credit:

16 Nov 2020     1,652 Views




RELATED

Most Popular of Health Fix

Most Popular of Life Style