BEC-TERO TV

Queen + Adam Lambert Asia Tour ရဲ့ ထိုင်းနိုင် ပထမဆုံးပွဲ အဖြစ် September ၃၀ မှာကျင်းပမည်

15 Jun 2016     1,371 Views


Queen + Adam Lambert ရဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပထဦးဆုံးရှိုးပွဲအဖြစ် စက်တင်ဘာလ ၃၀ ရက်မှာ Impact Arena, Muang Thong Thani မှာ ကျင်းပသွားမယ်လို့ကြေငြာလိုက်ပါတယ်။

AEG Live နှင့် BEC-Tero Entertainment တို့က စီစဉ်သူဖြစ်ပြီး လက်မှတ်တွေကို July 1 ရက်နေ့မှာ တစင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ လက်မှတ်တစ်ဆောင်ကို ဈေးနှုန်း ဘတ် ၂၀၀၀ ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ လက်မှတ်တွေကို www.thaiticketmajor.com မှာ ၀ယ်ယူနိုင်ပါတယ်။


 

Queen + Adam Lambert ဟာ ၂၀၀၉ မှာ အမေရိကန် Idol စင်ပေါ်မှာ စပြီး ဖြေဖြည်ကတည်းက အခုထိ အောင်မြင်ကြော်ကြားတဲ့ လက်တွဲဖော် အဖွဲ့တစ်ခု ဖြစ်လာခဲ့ပါတယ်။ ရှိုးပွဲပေါင်း ၇၀ကျော် လက်မှတ်များ sold out ရောင်းချနိုင်တဲ့အဖွဲ့ဖြစ်ပြီး ရှိုးပွဲလာကြည့်သူပေါင်း တစ်သန်းကျော်ထိ ရရှိခဲ့သော ကျော်ကြားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

စိတ်ဝင်စား အားပေးလိုကြသူတိုင်း လာမည့် July 1 ရက်နေ့မှာ လက်မှတ်များကို ဈေးနှုန်း ဘတ် ၂၀၀၀ မှ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ www.thaiticketmajor.com မှာ ၀ယ်ယူ အားပေးနိုင်ပါတယ်။


 


15 Jun 2016     1,371 Views




RELATED

Most Popular of Concerts & Events

Most Popular of NEWS