BEC-TERO TV

မိန်ကလေးတွေအတွက် ချစ်သူကောင်လေးက ကိုယ့်ကိုပိုချစ်လာစေမယ့် လျှို့ဝှက်ချက် ၉ ခု

05 Sep 2016     2,072 Views


မိန်းကလေးတွေရဲ့ စိတ်က နားလည်ရခက်တယ်ဆိုတာ မှန်ပေမယ့် တစ်ခါတစ်လေ သူတို့ရဲ့ အမူအယာ အပြောအဆိုလေးတွေကို ကြည့်ပြီး ခန့်မှန်းရင်တော့ သူတို့ဆန္ဒကို သိကောင်းသိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ယောက်ျားလေးတွေကျတော့ သူတို့ရဲ့ သဘာဝဟာ တစ်မျိုးဖြစ်နေတတ်ပြန်ပါတယ်၊ သူတို့ရဲ့ စိတ်ထဲမှာဖြစ်နေတဲ့ ကိစ္စတိုင်း၊ ခံစားချက်တိုင်းကို သိပ်ဖွင့်ပြောလေ့မရှိပါဘူး၊ တစ်ချို့ အကြောင်းရာတွေကို ဖွင့်ပြောပေမယ့် ချစ်သူကောင်မလေးက သူတို့အပေါ်  ပြုမူစေချင်တဲ့ အချို့ဆန္ဒလေးတွေကိုတော့ ဖွင့်မပြောပဲ လျှို့ဝှက်ထားတတ်ကြပါတယ်။ အဲဒီလျှို့ဝှက်ချက်လေးတွေကို အလိုက်တသိ လိုက်နာတတ်တဲ့ ချစ်သူကောင်မလေးတွေကိုတော့ သူတို့ဘယ်တော့မှ ခွဲမသွားပဲ တိုးလို့ပိုချစ်လာပါလိမ့်မယ်။
 
ချစ်သူကောင်လေး ကိုယ့်ကို ပိုချစ်သွားစေမယ့် လျှို့ဝှက်ချက်လေးတွေကတော့....
 
၁) လေးစားမှုကိုဖော်ပြပါ
 
ဒီအချက်ဟာ ချစ်သူစုံတွဲတွေကြားမှာ အရေးကြီးဆုံး နံပါတ် ၁ အချက်ဖြစ်ပါတယ်၊ ချစ်သူက သူ့ကိုတန်ဖိုးထားတာ၊ လေးလေးစားစားဆက်ဆံတာကို လိုချင်ကြတာ ကောင်လေးတိုင်း ထုတ်မပြောပြပဲ လိုချင်နေတဲ့ လျှို့ဝှက်ဆန္ဒ တစ်ခုပါ။ လေးစားပါလို့ ဆိုတာက သူပြောတဲ့အကြောင်းအရာလေးတွေကို ဂရုစိုက်နားထောင်တတ်ဖို့၊ ငြင်းခုန်စရာလေးတွေ ရှိလာခဲ့ရင်လည်း ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာမျိုးလေးတွေ မလုပ်ပဲ ကောင်းကောင်းမွန်မွန် ပြောဆိုဆွေးနွေးကြတာကို ရည်ညွှန်းပါတယ်။ ကိုယ်က ဒီလိုအပြုမူလေးတွေနဲ့ ဆက်ဆံလိုက်ရင် သူဖက်ကလည်း ကိုယ့်ကို ပိုတန်ဖိုးထား လေးစားလာပါလိမ့်မယ်။
 
၂) အကူအညီတောင်းပါ
 
ယောက်ျားလေးတွေဟာ သူတို့ကို အားကိုးတယ်ဆိုရင် သိပ်ကို သဘောကျတတ်ကြပါတယ်၊ ဥပမာ ဈေးဝယ်ထွက်တဲ့အချိန်မျိုးတွေမှာ ပစ္စည်းတွေက သိပ်မလေးပေမယ့် ကိုယ်က မသယ်နိုင်လို့ ကူသယ်ပေးပါဆိုတာမျိုးပေါ့၊ ဒီအခါမှာ သူ့ရဲ့ သန်မာမှုကို ပြသချင်တဲ့ အတွင်းစိတ် ရှိနှင့်ပြီးသား ယောက်ျားသားတွေက အားကိုးခံရတယ်ဆိုပြီး ကျေနပ်ကြပါလိမ့်။ သူတို့ရဲ့  စိတ်ကျေနပ်မှုကို ဖန်တီးပေးတဲ့ မိန်းကလေးကိုလည်း ပိုချစ်သွားတာပေါ့။
 
၃) ချီးမွမ်းစကားလေးတွေ ဆိုပါ
 
ချီးကျူးတာတို့ မြှောက်တာတို့ကို မိန်းကလေးတွေကပဲ ကြိုက်တ်တယ် မထင်ပါနဲ့ လူမှန်ရင် ချီးမွမ်းတာကို ခံချင်တဲ့သူတွေချည်းဖြစ်လို့ ချစ်သူယောက်ျားလေးတွေကိုလည်း ချီးမွမ်းဖို့ မမေ့ပါနဲ့၊ ဒီနေ့ဝတ်လာတဲ့ အင်္ကျီလေးနဲ့ သိပ်လိုက်တာပဲလို့များ ချီးမွမ်းလိုက်ရင် တစ်နေ့လုံးကိုယ့်ကို အလိုလိုက်ဖို့ အသင့်ဖြစ်သွားပါလိမ့်မယ်။
 
၄) သူငယ်ချင်းလိုဆက်ဆံပါ
 
တစ်ဦးနှင့်တစ်ဦး ပက်သက်ဆက်နွယ်မိကြပြီဆိုရင် အပြန်အလှန် နားလည်ပေးရတာလေးတွေက ရှောင်လွဲလို့မရတဲ့ ကိစ္စလေးတွေပါ၊ ယောက်ျားရင့်မကြီးဖြစ်နေပါစေ တစ်ခါတစ်ရံ အခက်အခဲတစ်ခုခုကြောင့် သူတို့ ဝမ်းနည်းပူဆွေးတဲ့အခါ နှစ်သိမ့်တာတို့ တစ်ယောက်အကြံပေးတာတို့ကို သူငယ်ချင်းကောင်း တစ်ယောက်လို ဖေးမပေးပါ။ ဝမ်းသာစရာရှိရင်လည်း ဝမ်းသာဂုဏ်ယူကြောင်း ပြောဆိုပြသပါ။
 
၅) သူ့အတွက်ဆိုတဲ့ စိတ်မျိုးရှိပါစေ
 
အနည်းဆုံး သူနဲ့မတွေ့မီမှာ ကိုယ့်ကိုယ်ကို တတ်တိုင်သလောက် လှလှပပလေး ပြင်သွားပါ၊ သူနဲ့တွေ့တဲ့အခါ သူ့အတွက် လှလှလေးပြင်ဆင်လာတာကို အသိမှတ်ပြုပြီး ပိုချစ်လာပါလိမ့်မယ်။
 
၆) အကြံဉာဏ်တောင်းပါ
 
လူတိုင်းက သူတို့ကို အထင်တစ်ကြီးနဲ့ အကြံဉာဏ်တောင်းတာကို နှစ်ခြိုက်တတ်ကြတာချည်းပါပဲ။ အရေးသိပ်မကြီးတဲ့ ကိစ္စတွေမှာ အကြံဉာဏ်တောင့်ကြည့်လိုက်ပါ။ ယောက်ျားလေးတွေက သူပေးလိုက်တဲ့ အကြံဉာဏ်စိတ်ကူးကို လက်ခံသွားမလားလို့ သိချင်တတ်ကြပါတယ် အဲ့လိုအခါမျိုးမှာ သူ့ရဲ့ စိတ်ကူးကို ချက်ချင်းလက်ခံလိုက်ပါ။
 
၇) တန်ဖိုးထားကြောင်း သိပါစေ
 
Relationship တွေရဲ့ ကြားထဲမှာ “Thank You” နဲ့ “Sorry” က မရှိမဖြစ်လိုအပ်ပါတယ်၊ သူကကိုယ့်ကို တစ်ခုခုလုပ်ပေးတဲ့အခါ ဥပမာ လက်ဆောင်ပေးတဲ့အခါမျိုးမှာ “ကျေးဇူးတင်ပါတယ်” ဆိုတာမျိုးကို ပြန်ပြောပေးခြင်းအားဖြင့် သူ့အပေါ်ကိုယ်က တန်ဖိုးထားရာရောက်ပါလိမ့်မယ်။
 
၈) ချစ်ခင်ကြောင်းအမူအရာပြသပါ
 
ကိုယ်ကမိန်းကလေးမို့ ကိုယ့်ဖက်ကစပြီး ချစ်ခင်တဲ့ အမူအယာပြစရာမလိုဘူးဆိုတဲ့ သဘောမျိုးမထားပဲ ချစ်ခင်တဲ့စိတ်ပေါ်လာရင် ပေါ်လာသလို ကိုယ့်ဖက်ကစပြီး ချစ်ခင်ကြောင်း ပြသခြင်းက ယောက်ျားလေးတိုင်း အရမ်းကို သဘောကျပါစေလိမ့်မယ်။
 
၉) လွပ်လပ်ခွင့်ပေးပါ
 
လွပ်လပ်ခွင့်ပေးဆိုတာ ပစ်ထားဖို့ဆိုလိုတာမျိုးမဟုတ်ပါဘူး၊ ယောက်ျားတစ်ယောက်အနေနဲ့ တစ်ခါတစ်ရံ သူငယ်ချင်းနဲ့ တွေ့တာမျိုး၊ လွပ်လွပ်လပ်လပ် လုပ်ရမယ့် ကိစ္စမျိုးတွေ ရှိလာတဲ့အခါ အမြဲတွယ်ကပ်မနေပဲ လွပ်လပ်စွာနားလည်မှုပေးထားရပါတယ်။ ဒီလိုမှမဟုတ်ရင် ချုပ်ချယ်ရာသဘောဆောင်ပြီး အဆင်မပြေဖြစ်တတ်ပါတယ်။
 
ဖော်ပြပါအချက်တွေကတော့ ယောက်ျားလေးတိုင်းရဲ့ သူ့ချစ်သူက သူဖွင့်မပြောရပဲ အလိုလိုနားလည်ပြီးဖြည့်ဆည်းပေးစေချင်တဲ့ လျှို့ဝှက်တိတ်တခိုး ဆန္ဒလေးတွေပဲ ဖြစ်ပါတယ်။ ဒီအချက်လေးတွေကို လိုက်နာပြီး ပျိုမေတို့ ကိုယ်ချစ်သူရဲ့ ချစ်ခြင်းကို ဆထက်တပိုးတိုးလို့ ရရှိခံစားနိုင်ကြပါစေလို့ “ပိုပိုလေး” အဖွဲ့က ဆန္ဒပြုလိုက်ပါတယ်။

05 Sep 2016     2,072 Views




RELATED

Most Popular of Special or Others

Most Popular of Life Style