BEC-TERO TV

ကိုယ်ဝန်ဆောင်မိခင်များ ညအိပ်ချိန် (၆)နာရီထက်လျော့နည်းပါက ဆီးချိုရောဂါဖြစ်နိုင်ခြေမြင့်မား

10 Jan 2017     1,325 Views


ကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်လောင်းတွေဟာ တစ်ရက်မှာ အိပ်ချိန် အနည်းဆုံး ခြောက်နာရီ မပြည့်ဝပါက ကိုယ်ဝန်ဆောင်ခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေများတယ်လို့ စင်ကာပူနိုင်ငံ သားဖွားသုတေသနက တွေ့ရှိခဲ့ပါတယ်။
 
အိပ်ချိန်မပြည့်တဲ့ ကိုယ်ဝန်ဆောင်တွေဟာ ကလေးမီးဖွားခြင်းနဲ့အတူ ဆီးချိုအမျိုးအစား-၂ ရောဂါပါ တစ်ပါတည်း ရရှိနိုင်ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ စင်ကာပူနိုင်ငံတွင် ကိုယ်ဝန်သည်များကို လေ့လာစောင့်ကြည့်မှုအရ ညဖက်မှာ အိပ်ချိန် ခြောက်နာရီ မပြည့်သူတွေက ၂၇.၃ ရာခိုင်နှုန်းရှိနေပြီး၊ ၇ နာရီကနေ ၈ နာရီလောက်ထိ အိပ်စက်သူတွေက ၁၆.၈ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရှိခဲ့ရသည်။ 
 
ထို့ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ငါးဦးမှာ တစ်ဦးက ဆီးချိုရောဂါ ဖြစ်ပွားလေ့ရှိသည့်အတွက် ညဖက်တွင် ကောင်းကောင်းအိပ်စက်တတ်သော အကျင့်ကို မွေးမြူခြင်းဖြင့် ဆီးချိုဖြစ်ပွားမှု လျော့ကျအောင် လုပ်ဆောင်နိုင်ကြောင်း တိုက်တွန်းထားသည်။
 
Source:TheStraitsTimes
 

10 Jan 2017     1,325 Views




RELATED

Most Popular of Health Fix

Most Popular of Life Style