BEC-TERO TV

ခြေထောက် အနံထွက်လို့စိတ်ညစ်နေသလား

17 Feb 2017     1,757 Views


ခြေထောက် အနံ့ဆိုး ထွက်တာက စိတ်မသက်မသာ ဖြစ်စရာကောင်းပါတယ်။ ခြေသည်းတွေ လှီးဖြတ်တာ ၊ခြေသည်း အသားမာတွေကို ဖယ်ရှားတာနဲ့ ခြေဖနှောင့် အရေပြား ၊ချော့မွေ့အောင် လုပ်တာတွေကို လုပ်ဆောင်တာ တောင်မှခြေထောက် အနံ့ဆိုး ထွက်နေလို့ စိတ်ညစ်နေ ပါသလား။ ပျှမ်းမျှအား ဖြင့်ခြေထောက်မှာချွေးဂလင်း တစ်သိန်းနှစ်သောင်းခန့် ရှိပြီးချွေးထွက်တဲ့အခါဘက်တီးရီးယားတွေထွက်လာပြီးမကောင်းတဲ့ အနံ့ဆိုးတွေထွက်လာတတ်ပါတယ်။ခြေထောက်အနံ့ဆိုးထွက်လို့ စိတ်ညစ်နေသူတွေအတွက်အောက်ပါ နည်းလမ်းတွေနဲ့ထိန်းချုပ်နိုင်ပါတယ်။
 

(၁)လေဝင်လေထွက်ကောင်းတဲ့ချည်သားခြေအိတ်ကိုဝတ်ဆင်ပြီးခြေအိတ်မ ဝတ်ခင်ပေါင်ဒါမှုန့်လိမ်းထားရင်ချွေးတွေကို စုပ်ယူနိုင်ပြီးခြောက်သွေ့အေးမြနေပါလိမ့်မယ်။
 
(၂)ရှူးဖိနပ်တွေကိုအနံ့အသက်ထိန်းတဲ့ Deodorizer စပရေဖျန်းပေးပါ။ဒါမှမဟုတ်ဖိနပ်တွေကို ဆေးကြောတဲ့အခါအနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးတွေသေသွားအောင်ရေနွေးသုံးပေးပါ။
 
(၃)ဆော်ဒါမှုန့်ဟာအနံ့ဆိုးတွေကိုထိထိရောက်ရောက်စုပ်ယူနိုင်စေပါတယ်။ ရှူးဖိနပ်ထဲမှာဆော်ဒါမှုန့်ထမင်းစားဇွန်းတစ်ဇွန်းပက်ဖြန်းပြီးနေလှန်းထားပါ။

(၄)ခြေထောက်ကိုရေနွေး၊ဘက်တီးရီးယားကင်းစေတဲ့ ဆပ်ပြာသုံးပြီးပုံမှန်ဆေးကြောပေးပါ.ခြေထောက်ကိုတစ်ပတ်သုံးကြိမ်ခန့် ဆားခါးရေထဲစိမ်ပေးပါ။ 10-20မိနစ်ခန့်စိမ်ပေးတာကြောင့်ခြေထောက် အနံ့ဆိုးထွက်တာနဲ့ချွေးထွက်တာကိုထိန်းချုပ်ပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေသေစေချင်ရင်ဆားခါးရေထဲကိုလက်ဖက်ဆီ ဒါမှမဟုတ်စမုန်စပါးဆီအစက်အနည်းငယ်ထည့်ပေးပါ။

(၅)လက်ဖက်ခြောက်ခတ်ထားတဲ့ရေထဲမှာခြေထောက်ကိုစိမ်ပေးတာကြောင့် ခြေထောက်ချွေးပေါက်တွေကိုပိတ်စေပြီးချွေးထွက်များတာကို ထိန်းချုပ်ပေးနိုင်ပါတယ်။လက်ဖက်ခြောက်ထဲမှာပါတဲ့ တန်နင်ဓာတ်ကချွေးပေါက်တွေကိုပိတ်ဆို့စေနိုင်လို့ပါ။
 
By-Good Health
 

17 Feb 2017     1,757 Views




RELATED

Most Popular of Special or Others

Most Popular of Life Style