BEC-TERO TV

ကြက်သွန်နီသုပ်ကိုစား သုံးခြင်းသည် အဆီကျစေတဲ့

15 Mar 2017     1,892 Views


ကြက်သွန်နီကို ဟင်းချက်နည်းမျိုးစုံအတွက် အသုံးပြုပြီး စားသုံးနေကြပါတယ်။ ချက်ပုံနဲ့စားပုံများ မတူညီကြသလို သူ့ရဲ့အကျိုးပေးအာနိသင်ကလည်း ကွဲပြားကြပါတယ်။ ယခုဖော်ပြပေးမည့် နည်းလေးကတော့ ကြက်သွန်နီကို အဆီကျဆေးအဖြစ် အစိမ်းသုပ်စားရတဲ့ စားသုံးနည်းတစ်ခု ဖြစ်ပါတယ်။
 
(၁) ကြက်သွန်နီကို ပါးပါးလှီး၍ ပန်းကန်ထဲ ထည့်ပါ။
 
(၂) သံပုရာသီး ညှစ်ထည့်ပါ။ အနံ့ပြင်း၍ စပ်နေသော ကြက်သွန်နီကို သံပုရာသီးအချဉ် ညှစ်ထည့်လိုက်ပါက အချိုဓါတ်သို့ ပြောင်းသွားစေပါသည်။
 
(၃) သခွါးသီး ထည့်လိုပါက (အနည်းငယ်မျှ) ပါးပါးလှီး၍ ထည့်နိုင်ပါသည်။
 
(၄) အစပ်ကြိုက်ပါက ငရုတ်သီးစိမ်း အနည်းငယ် လှီးထည့်နိုင်ပါသည်။
 
(၅) ဆားအနည်းငယ်မျှ ထည့်ပေးပါ။ ဆားမပါလျှင် အရသာပေါ့မည်။ ဆားများလွန်းရင်လည်း အငံကြောင့် သွေးတိုးစေပါသည်။
 
(၆) ကြက်သွန်မိတ် (သို့မဟုတ်) ကုလားနံနံပင်တို့ကိုလည်း အနံ့ကြိုက််တတ်လျှင် အနည်းငယ်မျှ ထည့်နိုင်ပါသည်။ ၄င်းတို့ကို နယ်ပြီးလျှင် ကြက်သွန်ချဉ်သုပ်ကလေး စားလို့ရပါပြီ။ ဒီအတိုင်း မစားချင်လျှင် ထမင်း၊ ကြာဇံကြော်၊ ပဲပလာတာ၊ ခေါက်ဆွဲကြော် စသည့် သူနှင့်လိုက်ဖက်မည့် အစားအစာများနှင့် တွဲဖက်၍ မကြာခဏ စားသုံးပေးနိုင်ပါသည်။ ပါးစပ်မနံအောင် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အစိမ်းစားပြီး ပါးစပ်နံမှာ စိုးရိမ်နေသူများအတွက် သဘာဝနည်းလမ်းကောင်းလေးတစ်လက်ကို ညွန်ပေးလိုက်ပါမယ်။

(၁) ကြက်သွန်အနံ့ကိုနိုင်တာ မြေပဲဖြစ်ပါတယ်။ ကြက်သွန် နီ၊ ဖြူ တို့ကို စားပြီးလျှင် မြေပဲဆန် ၃ ၊ ၄ စိကိုသာ ၀ါးစားပါ။ တစ်မိနစ်အတွင်း အနံ့များကို မြေပဲက စုတ်ယူသွားမည်။
 
(၂) အဖန်ရည် (လက်ဖက်ရည်ကြမ်း) ဖြင့် ပလုတ်ကျင်းပေးပါ။
 
(၃) နွားနို့ဖြင့် ပလုပ်ကျင်းပေးပါ။ အရသာရှိ၍ စားကောင်းသော ကြက်သွန်နီအစိမ်းသုပ်ကို မကြာခဏ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင် ပိုလျှံနေသော အဆီများကို လျှော့ချပြီး သွယ်လျကျစ်လစ်သော ကိုယ််ခန္ဓာအလှကို ပိုင်ဆိုင်နိုင်ကြပါစေ။
 
စောနွဲ့နေဆိုင် (ပူတာအို)

15 Mar 2017     1,892 Views




RELATED

Most Popular of Health Fix

Most Popular of Life Style