BEC-TERO TV

သဘာဝဆေးမြီးတိုတွေက နှလုံးရောဂါရှိသူတွေအတွက် အန ္တရာယ်ရှိစေနိုင်

16 Mar 2017     1,312 Views


သဘာဝနွယ်မြက်သစ်ပင်တွေနဲ့ ကုသတဲ့ ဆေးနည်းတွေဟာ အကျိုးအာနိသင်နည်းပါးတဲ့အပြင် နှလုံးရောဂါရှိသူတွေ အတွက် အန ္တရာယ်တောင်ရှိစေနိုင်တယ်လို့ မကြာသေးမီက ဆန်း စစ်ချက်သုတေသနတစ်ခုက ဖော် ပြခဲ့ပါတယ်။

“လူနာတွေအနေနဲ့ သဘာဝ ဆေးနည်းတွေကို သုံးတော့မယ်ဆိုရင် ကိုယ့်ဆရာဝန်ကို ပြောပြပြီး ဖြစ်လာနိုင်တဲ့ ဆိုးကျိုးအန ္တ ရာယ်တွေအကြောင်းနဲ့ ကိုယ်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ တည့်မတည့်ကို မေးမြန်းဖို့ အရေးကြီး ပါတယ်၊ အထူးသဖြင့် ဆေးတွေ အများကြီးသောက်နေရတဲ့ သက်ကြီးပိုင်းလူနာတွေအတွက် ပိုအရေးကြီးပါတယ်”

လို့ သုတေသီဒေါက်တာ Graziano Onder က ပြောပါတယ်။ သုတေသနအရ အမေရိကန်နိုင်ငံအတွင်း လူငါးဦးမှာ တစ်ဦးက အာဟာရဖြည့်စွက်စာအဖြစ် ဒါမှမဟုတ် ဆေးဖက်ဝင်နည်းအဖြစ် သုံးစွဲနေကြကြောင်း တွေ့ရှိရသလို သည်ကိစ္စဟာ နှလုံးရောဂါ ရှိသူတွေအတွက် စိုးရိမ်စရာဖြစ် လာတယ်လို့ သိရပါတယ်။
 
Onder ရဲ့ အဖွဲ့က နှလုံးသွေး ကြောကျဉ်းရောဂါရှိသူတွေအတွက် ဆေးမြီးတိုတွေရဲ့ ဘေးကင်းစိတ်ချရမှုနဲ့ ထိရောက်မှုအာ နိသင်ကို အထောက်အထားရှာဖွေလေ့လာခဲ့ကြတဲ့အခါ သည်ဝေဒနာသည်တွေအတွက်သုံးရင်အကျိုးအာနိသင်ရရှိမှု ခိုင်မာတဲ့ အထောက်အထားမတွေ့ခဲ့ရဘူးလို့ သိရပါတယ်။ တကယ်တော့ သဘာဝတိုင်း ဘေးဥပါဒ်မကင်းနိုင်သလို ဆေးဖက်ဝင်နွယ်မြက်သစ်ပင်တွေကြောင့်လည်း ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာစေနိုင်တယ်လို့ သိထားဖို့ အရေးကြီးပါ တယ်လို့ သုတေသီ Onder က သတိပေးခဲ့ပါတယ်။
 
Credit : kumudranews

16 Mar 2017     1,312 Views




RELATED

Most Popular of Health Fix

Most Popular of Life Style