BEC-TERO TV

ချစ်သူက လပ်ထပ်ခွင့်ကို လူပုံအလယ်မှာ ငြင်းပယ်ခံခဲ့ရပြီး လူအများရဲ့ လှောင်ရယ်ခြင်းခံခဲ့ရသူ

29 Mar 2017     1,512 Views


လတ်တလော အွန်လိုင်းမှာ ရေပန်းစားနေတဲ့ ဗီဒီယိုတစ်ခုကတော့ ဈေးဝယ်စင်တာကြီး တစ်ခုမှာ ချစ်သူရောက်မလာခင် ကြိုတင်စီစဉ်ကာ ဈေးဝယ်လာတဲ့သူတွေကို စုထားခဲ့ပြီး ချစ်သူရောက်လာတဲ့အခါမှာတော့ လူအများကြီးရှေ့မှာ ဒူးထောက်ချကာ လက်ထပ်ခွင့်ပန်ခဲ့ပါတယ်။
 
 
စတိုင်ကျကျ ဝတ်စားထားတဲ့ အမျိုးသားတစ်ယောက်က သူရဲ့ချစ်သူ ကောင်မလေးကို လက်ထပ်လက်စွပ်နဲ့ အတူ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ချစ်သူသက်တမ်း လေးနှစ်မှာ သူဘယ်လောက် ပျော်ရွှင်ခဲ့ရကြောင်း၊ ကောင်မလေးဟာ သူ့ရဲ့ဘဝဖြစ်ကြောင်း ပြောဆိုပြီး ချစ်ခွင့်ပန်ခဲ့ပါတယ်။
 
 
လူတွေအများကြီး စုရုံးနေလို့ လုံခြုံရေးတွေ ရောက်ရှိလာပါသေးတယ်။ သူက ခပ်မြန်မြန်လေး လက်ထပ်ခွင့်တောင်းပါရစေလို့ မေတ္တာရပ်ခံလိုက်မှ ပြန်လည်ထွက်သွားခဲ့ပါတယ်။
 
 
လူတွေအားလုံးက သူတို့စုံတွဲကို ဝိုင်းကြည့်ပြီး ကောင်မလေးရဲ့ အဖြေကို စိတ်ဝင်စားစွာ နားထောင်နေပါတယ်။ ဒါပေမယ့် ကောင်မလေးက ခေါင်းကို အသာလေးခါယမ်းကာ “I’m so sorry” လို့ ပြောပြီး လက်ထပ်ခွင့်ကို ငြင်းပယ်လိုက်ပါတယ်။
 
 
အဲ့သည့်အချိန်မှာ ကောင်လေးက ခေါင်းငိုက်စိုက်ဖြစ်သွားပြီး သူတို့ကို ဝိုင်းကြည့်နေကြသူ အတော်များများက ရယ်မောလှောင်ပြောင်ခဲ့ကြပါတယ်။ 
ဗီဒီယိုလေးကို ရှုစားပါဦး။
 
 
ဒါပေမယ့် တစ်ယောက်သော အမျိုးသားက သူ့ကို လာရောက်ဆွဲထူပွေ့ဖက်ကာ အားပေးခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ 
 
 
တစ်ကယ်တော့ ဒါဟာ ယနေ့ခေတ် လူတွေရဲ့သဘောထားကို သိချင်လို့ စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ဖြစ်နေခဲ့ပါတယ်။ သူတို့စုံတွဲဟာ လက်ထပ်ပြီးသား လင်မယးဖြစ်ပြီး လူတွေရဲ့အကြောင်းကို သိချင်လို့ တမင်ရည်ရွယ်စီစဉ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ 
 
သူတို့စုံတွဲရဲ့ စမ်းသပ်မှုအရ ယနေ့ခေတ်မှာ လူတွေဟာ အောင်မြင်နေရင်သာ လက်ခုတ်တီးတတ်ကြပေမယ့် ရှုံးနိမ့်သွားတဲ့အခါ ဝိုင်းဝန်းလှောင်ပြောင်ရယ်မောကာ ခပ်ဝေးဝေးမှာ နေတတ်တဲ့ သဘာဝကို တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ သူ့ကိုလာရောက်ဖေးမဲ့သူ တစ်ဦးသာရှိပြီး အဲဒီတစ်ဦးဟာလည်း အင်္ဂလိပ်စကားတောင် မပြောတတ်သလို သူတို့နေတဲ့ နိုင်ငံကလည်း မဟုတ်ဘူးလို့ ဗီဒီယိုရဲ့ နောက်ပိုင်းမှာ ပြန်လည်ရှင်းပြထားပါတယ်။
 
သူတို့လင်မယားရဲ့ အပြန်လှန် ချစ်ခင်မြတ်နိုးမှုကိုတော့ ဗီဒီယိုရဲ့ နောက်ဆုံးပိုင်းမှာ တွေ့ရမှာဖြစ်ပြီး လူတွေရဲ့သဘောကို ဖော်ထုတ်ပေးတဲ့ အတွက် လူကြည့်များနေတဲ့ ဗီဒီယိုတစ်ခု ဖြစ်နေပါတယ်။ 
 

29 Mar 2017     1,512 Views




RELATED

Most Popular of Special or Others

Most Popular of Life Style