BEC-TERO TV

သာ ခွေ ယိုင် ပြုလုပ်နည်း

10 Apr 2017     2,665 Views


သင်္ကြန်ပိတ်ရက်တွေမှာ တနေ့တမျိုးမရိုးရအောင် လုပ်စားချင်သူတွေအတွက် နွေရာသီနဲ့လဲလိုက်ဖက်တဲ့ သာခွေယိုင် လုပ်နည်းလေးကို ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ
 
ကောင်ညှင်းငချိတ် - ဆန်ချိန်ခွက် ၂ခွက် ကောက်ညှင်းဖြူ - ဆန်ချိန်ခွက် ၁ခွက် (မထည့်လည်း ရပါသည်) အုန်းနို ့ - ၄၀၀ မီလီလီတာ နို ့စိမ်း - ၁ဗူး သကြား (သို့) ထန်လျက် - အနည်းငယ် ဆား - အနည်းငယ်
 
ပြုလုပ်နညး်
 
ကောက်ညှင်းဆန်တွေကို ရေ ဆေးပြီး ၊ ရေ ၄နာရီခန့် စိမ်ပါ ။ အိုးထဲတွင် အုန်းနို့ရည် ၊ သကြား ၊ ဆား ထည့်ပြီး မီးအေးအေးဖြင့် သကြားတွေ ပျော်သွားသည်အထိ တည်ပါ ။ တစ်ဝက်ကို ပန်းကန်လုုံးထဲတွင် ခပ်ထည့်ရျ် ဖယ်ထားပါ ။ ကျန်နေသော အုန်းနို ့ရည်ထဲသို ့ ကောက်ညှင်းငချိတ် နှင့် ကောက်ညှင်းဖြူ ထည့်မွှေပါ ။
 
ကောက်ညှင်းဆန်စေ့ မကွဲတကွဲ အနေအထားဆို ရပါပြီ ။ မုုန့်ပွဲပြင်နည်း စားမယ့်ပန်းကန်ထဲ လိုသလောက်ခပ်ထည့်ပြီး အုန်းနို ့ရည် ၊ နို့စိမ်း အနည်းငယ် ဆမ်းပါ ။ အချို ကြိုက်လျှင် သကြား အနည်းငယ်ကိုု အပေါ်မှ ဖြူးပါ ။ အငံ အရသာလေးကြိုက်ရင်တော့ ဆားလေးဖြူးပြီး သာခွေယိုင် စားရန် အစဉ်သင့် ဖြစ်ပါပြီ ။

Credit:food at home


10 Apr 2017     2,665 Views




RELATED

Most Popular of Food

Most Popular of Life Style