BEC-TERO TV

ပူပြင်းလာပြီ နွေရာသီ

11 Apr 2017     1,509 Views


ဒီနှစ် နွေရာသီသည် အပူရှိန်ပိုမိုစေသည့် အယ်နီညိုဖြစ်စဉ်ကြောင့် ဂရုတစိုက် သွားလာ နေထိုင်စားသောက်ရန် လိုအပ်ပါသည် ။ ကျန်းမာရေးသည် သာမန်အချိန်များတွင်ပါ ကောင်းမွန်စွာ စောင့်ရှောက်နေထိုင်ဖို ့လည်း အရေးပါသည် အချက်ပါ ။ 
 
ယခု နွေရာသီကာလသည့် သာမန် ဖြစ်နေသည့် အပူချိန်များထက် ပိုမို ပူပြင်းခြောက်သွေ ့လာမည်ဖြစ်သည့်အတွက် သဘာဝဘေးဒဏ်များအတွက်ပါ အလေးအနက်ထားပြီး သတိဖြင့် လုပ်ကိုင်ဆောင်ရွက်နေထိုင်သင့်သည့် နှစ်ကာလတစ်ခုလည်း ဖြစ်ပါသည် ။ 
 
ဥတုတွေ ပြောင်းလဲဖြစ်ပေါ်လာနေသလို ့ လူကျန်းမာရေးအတွက်ပါ ပိုမို ဆိုးရွားဖြစ်စေသည့် ဗိုင်းရပ်စ်တွေကြောင့် ရောဂါများပါ ပြောင်းလဲဖြစ်ပေါ်လာနေသည့်ကို တွေ ့ရှိနေရပါသည် ။ အပူချိန်ပိုမိုပြင်းထန်လာခြင်းကြောင့် သက်ကြီးရွယ်အိုများ ၊ ကလေးသူငယ်များနှင့် နာတာရှည် ရောဂါဖြစ်ပွားနေ အနေဖြင့် အထူးဂရုပြု ့ဖို ့လိုအပ်ပါသည် ။

အပူချိန်ကြောင့် အားအင်ကုန်ခမ်းပြီး ချည့်နဲ ့ခြင်း ၊ ကြွက်တက်နိုင်စေခြင်း ၊ အပူရှိန်ပြင်းထန်ခြင်းကြောင့် အပူရှပ်ခြင်း( Heat Stroke) ဖြစ်စေသည့်အတွက် လူတိုင်း ဂရုစိုက်နေထိုင်သည့်သော နွေကာလ တစ်ခုဖြစ်ပါသည် ။ အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် ရုတ်တရက် မေ့လဲတက်ခြင်းဖြစ်တက်လို ့ အထူးသတိထားသင့်ပါသည် ။ 
 
နေပူထဲ သွားလာနေထိုင် လုပ်ကိုင်နေသူများ အနေဖြင့် ပူပြင်းခြင်းကြောင့် အေးမယ်ထင်စေသည့် ရေခဲရေ နှင့် အအေးများ သောက်ခြင်း စားခြင်း လုံးဝ မပြု ့လုပ်ရန် သတိပေးအပ်ပါသည် ။ ပူပြင်းသည့် နေ ့အခါတွင် ရေချို ခြင်းက အစ ခေါင်းလျှော်ခြင်းတက်ခြင်း ရှောင်ရှားသင့်ပါသည် ။ 
 
ပူပြင်းလာသည့် ဥတုအတွက် လူတစ်ယောက် တစ်နေ ့တာမှ အစ ကျန်းမာရေးအတွက် ကောင်းမွန်စေသည့် စားသောက်နေထိုင်သင့်သည်မှာ - မနက်နိုးထအချိန်တွင် ရုတ်တရတ် အိပ်ယာမှ ထခြင်းအကျင့်ကို မပြု ့လုပ်ဘဲ ပက်လက်အိပ်သည့် အနေအထားဖြင့် အသက်ရှူ ထုတ် တစ်မိနစ်ကျော်ခန် ့ ပုံမှန်အနေထားထက် ပိုမိုရှူသွင်းလုပ်ပေးပြီး မှ အိပ်ယာမှထပါ ။
 
ပြင်းထန်သော အားကစားလုပ်ဆောင်ခြင်းကို ပူပြင်းသည့် ကာလာတွင် ရှောင်ရှားသင့်ပါသည် ။ ပူပြင်းခြင်းကြောင့် ချွေးထွက်များ ရေဓာတ်နည်းစေသည့် အတွက် ရေသောက်မနည်းသင့်ပါ ။ သီးစုံဓာတ်ဆား ၊ ဓာတ်ဆားအရည် တို ့ကို ပူပြင်းသည့်အချိန်များတွင် သောက်ပေးသည့်ပါသည် ။ အရက်သေစာသောက်စားခြင်း ၊ အငန် အစပ်များ စားခြင်း ၊ အဆီအဆိမ့်အစားအစာများ စားခြင်း ၊ ရေခဲရေ အအေးများ သောက်ခြင်း လျှော့ပေါ ့စားသောက်သင့့်ပါသည် ။
 
Credit : Mg Mandalay

11 Apr 2017     1,509 Views




RELATED

Most Popular of Health Fix

Most Popular of Life Style