BEC-TERO TV

သစ်ကြားသီးစားသုံးခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတို့ကို လျော့ကျစေ

18 Apr 2017     1,543 Views


သစ်ကြားသီးသည် သွေးလွှတ်ကြောများကို ပျော့ပြောင်းစေနိုင်သော အစွမ်းသတ္တိရှိသည့်အတွက် နှလုံးသွေကြောဆိုင်ရာ ရောဂါများနှင့် နှလုံးရုတ်တရက် တိုက်ခိုက်ခံရမှု အန္တရာယ်ကို လျော့ပါးစေနိုင်သည့် အကျိုးသက်ရောက်မှုများ ရရှိစေသည်။
 
သစ်ကြားသီးတွင်ပါဝင်သော သဘာဝဓာတုပစ္စည်းများက သွေးလွှတ်ကြောများ မာကျောလာစေခြင်းကို ကာကွယ်ပေးနိုင်ပြီး သွေးလွှတ်ကြောများ၌ ပိတ်ဆို့လာစေမည့် အဆီဓါတ်များကိုပါ လျော့နည်းစေနိုင်ကြောင်း ဆေးသိပ္ပံသုတေသနပြုချက်များအရ သိရှိရသည်။

 

ကယ်လီဖိုးနီးယား သစ်ကြားသီသုတေသနအဖွဲနှင့် အမေရိကန် နှလုံးကောလိပ်ဂျာနယ်တို့ ပူးပေါင်း၍ စေတနာ့ဝန်ထမ်း ၂၄ ဦးကို သံလွင်ဆီ စားသုံးစေသောအုပ်စုနှင့် သစ်ကြားသီး စားသုံးစေသောအုပ်စု ဟူ၍ အုပ်စုနှစ်စုခွဲကာ သုတေသနစမ်းသပ်မှုများပြုလုပ်ခဲ့သည်။
 
စမ်းသပ်ချက်များအရ သံလွင်ဆီစားသုံးသော အုပ်စုထက် သစ်ကြားသီးစားသုံးသူများတွင် သွေးလွှတ်ကြောများ၏ ရုန်းပြန်သတ္တိ(Elasticity)နှင့် ပျော့ပြောင်းမှု(Flexibility) ပိုမိုဖြစ်စေပြီး မကောင်းသော ကိုလက်စထရောပမာဏကို ပိုမိုလျော့ချနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
 
သစ်ကြားသီတွင် အမိုင်နိုအက်ဆစ်အနွယ်ဝင် Arginine ပေါများစွာပါရှိပြီး အဆိုပါ Arginine သည် ခန္ဓာကိုယ်၏ သဘာဝရင်းမြစ် နိုက်တြစ်အောက်ဆိုဒ် ထုတ်လုပ်ခြင်းအတွက် အရေးပါကြောင်းနှင့် သွေးလွှတ်ကြောများ ပျော့ပြောင်းစေဖို့ရာ လိုအပ်လျက်ဖြစ်သည်ဟု ဘာစီလိုနာ ကလင်နီကိုဆေးရုံမှ သုတေသနပညာရှင် အီမီလီယိုရို့စ်က ပြောကြားခဲ့သည်။
 
တစ်နေ့လျှင်သစ်ကြားသီး ၁.၅ အောင်စ စားသုံးပေးခြင်းဖြင့် နှလုံးရုတ်တရက် တိုက်ခိုက်ခံရမှု အန္တရာယ်နှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတို့ကို ကာကွယ်ပေးရာရောက်ကြောင်း အခြားသုတေသနပြုချက်များကလည်း ထောက်ခံပေးထားကြသည်။
 
ထို့အပြင်အခွံမားသီးများတွင် ပါဝင်သော ဗီတာမင်(E)က ရင်ဘတ်အောင့်ခြင်းနှင့် သွေးလွှတ်ကြော ခိခိုက်ခံရမှုကို ကာကွယ်ပေးသကဲသို့ သစ်ကြားသီတွင်ပါဝင်သော ဆီလင်နီယမ် (Selenium) ဓါတ်တိုးပစ္စည်း ပယ်ဖျက်ဓါတ်ကလည်း ကင်ဆာရောဂါကိုပါ ကာကွယ်ပေးနိုင်ကြောင်း သိရှိရသည့်အတွက် သစ်ကြားသီးသည် နေ့စဉ်ပုံမှန်စားသုံးသင့်သော (အထူးသဖြင့် အသက်ရလာသူများ) အတွက် သင့်လျှော်သော အခွံမာအစေ့အဆံ ဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။
 

18 Apr 2017     1,543 Views




RELATED

Most Popular of Health Fix

Most Popular of Life Style