BEC-TERO TV

ရေထဲကအမြှေးပါးကောင်ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ

19 May 2017     1,391 Views


အမြှေးပါးကောင်ကြောင့် ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါဟာ ဖြစ်ပွားတာနည်းပေမယ့် ဖြစ်ရင်လည်း အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။
 
ရေကူးကန် ၊ မြစ် ၊ ချောင်း ၊ ရေကန်တွေမှာ ရေကူးတာပဲ ဖြစ်ဖြစ် အလုပ်လုပ်တာကြောင့်ဖြစ်ဖြစ် အမြှေးပါးကောင်ဟာ ရေထဲမှာရှိခဲ့ရင် နှာခေါင်းထဲကတဆင့် ခေါင်းထဲကိုဝင်ရောက်ပြီး ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်ပါတယ်။
 
ဒီအမြှေးပါးကောင်ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါဟာ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင် ရောဂါနဲ့ ရောဂါလက္ခဏာခြင်း ဆင်တူပါတယ်။
 
ရောဂါဝင်ဝင်ခြင်း သိပ်မသိနိုင်ပေမယ့် ရောဂါလက္ခဏာအပိုင်း ၂ ပိုင်း ရှိပါတယ်။
 
ခေါင်းကိုက်တာ ၊ ခေါင်းမူးတာ ၊ အန်တာ ၊ ဖျားတာ ၊ ပျို့တာ စတဲ့လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ နည်းနည်းဆိုးလာရင် လည်ပင်းတွေ ခိုင်လာမယ် ၊ တက်မယ် ၊ သတိလစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါလက္ခဏာနဲ့ အတူတူပဲ ဖြစ်ပါတယ်။
 
ဒီရောဂါဟာ မသန့်ရှင်းတဲ့ ရေကို သောက်ရာကနေ တစ်ယောက်နဲ့ တစ်ယောက် ကူးတာမျိုးမရှိပါဘူး။ များသောအားဖြင့် အသက် ၁၈ နှစ်အောက် အရွယ်တွေမှာ ဖြစ်တာ တွေ့ရပါတယ်။ ဘတ်တီးရီးယားကြောင့်ပဲဖြစ်ဖြစ် ၊ အမြှေးပါးကောင်ကြောင့်ပဲဖြစ်ဖြစ် ဦးနှောက်အမြှေးရောင်ရောဂါဟာ အထူးသတိထားသင့်တယ်လို့ ဒေါက်တာကျော်စွာဦးက Health Fix အစီအစဉ်မှာ ပြောပြထားပါတယ်။
 
ဒေါက်တာကျော်စွာဦးပြောပြတဲ့ ဦးနှောက်အမြှေးရောင်ရောဂါကုသပုံနဲ့ ကြိုတင်ကာကွယ်မှုတွေကို ဗီဒီယိုဖိုင်မှာ ဆက်လက်နားဆင်နိုင်ပါတယ်။

19 May 2017     1,391 Views




RELATED

Most Popular of Health Fix

Most Popular of Life Style