BEC-TERO TV

အပျိုညမှာစိတ်ကြိုက်ပျော်းပါးခဲ့သည့်အတွက် ကလေးမွေးလာသည့်အခါ လူပုလေးဗီဇဖြစ်နေ

25 May 2017     1,465 Views


အနောက်နိုင်ငံတွေမှာ ခေတ်စားတဲ့ အလေ့ထတစ်ခုကတော့ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ မင်္ဂလာရက်မတိုင်မီမှာ အပျိုည၊ လူပျိုညကို မိတ်ဆွေသူငယ်ချင်းတွေနဲ့ အမှတ်တရ ဆင်နွှဲတတ်ခြင်းဖြစ်ပါတယ်။ ဒီလိုပွဲမျိုးမှာ သေချာပေါက် ဧည့်ခံကြတာကတော့ အရက်ဘီယာ ယမကာတို့ပဲဖြစ်ပါတယ်။ ဒီထက်ပိုကဲမယ်ဆိုရင်တော့ ဖော်ချွတ်အကသည်တွေကို ငှားပြီး စိတ်လွတ်ကိုယ်လွတ် ပျော်ကြကဲကြတာပဲဖြစ်ပါတယ်။
 
မင်္ဂလာဆောင်မတိုင်မီ ဒီလိုကဲကြတဲ့ကိစ္စတွေဟာ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို စိတ်ကသိကအောက် ဖြစ်စေမှာမို့ ဘယ်သူကမှ ဖွင့်ပြောလေ့မရှိပါဘူး။ လျှိုဝှက်ချက် တစ်ခုအဖြစ် အချို့က တစ်သက်လုံး ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့် Mirror မှာရေးသား ဖော်ပြခဲ့တဲ့ ယခုအဖြစ်အပျက်ကတော့ ဘယ်လိုမှ ဖုံးကွယ်ဟန်ဆောင်လို့ မရပဲ ဗူးပေါ်သလို ပေါ်လာတဲ့အခါ ဇနီးဖြစ်သူက ခင်ပွန်းသည်ကို သူမကဲခဲ့မိကြောင်း ဝန်ခံခဲ့ရပါတယ်။
 
အပျိုညပါတီဟာ တစ်ညဆို တစ်ညဆိုသလောက် အပြတ်ကဲခဲ့တဲ့ ညတစ်ညဖြစ်ပါတယ်။ အဲဒီညက အမျိုးသားဖော်ချွတ်အကအဖွဲ့ကို ငှားခဲ့ပြီး အရက်မူးလာတဲ့အခါ ကာမစိတ်တွေနိုးကြွလာခဲ့ပြီး အထူးအဆန်းခံစားမှုမျိုးကို တောင့်တမိတဲ့အတွက် အကအဖွဲ့ထဲမှာ ပါလာတဲ့ လူပုလေးတစ်ယောက်နဲ့ နှစ်ပါးသွားခဲ့ကြပါတယ်။
ဒီပါတီပွဲမှာ သူနဲ့ အရမ်းရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေ မပါတာကြောင့် အခုလို စိတ်လွပ်ကိုယ်လွတ်ကဲရဲခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စဟာ သူမတစ်ယောက်တည်းသာ သိတာမို့ ဘာမှပြဿနာမရှိခဲ့ပါဘူး။
 
အိမ်ထောင်ဖက်နဲ့ မင်္ဂလာဆောင်ပြီး ပျားရည်ဆမ်းခရီးကို ပျော်ပျော်ပါးပါးထွက်ခဲ့ကြပါတယ်။ ကိုယ်ဝန်ရလာတဲ့အခါ အပျော်ရွှင်ဆုံးက ခင်ပွန်းသည်ဖြစ်ပါတယ်။ ပျားရည်ဆမ်းခရီးမှာ သူကြိုးစားခဲ့သမျှ အရာထင်လာပြီလို့ ကိုယ့်ကိုယ်ကို အားရကျေနပ်ခဲ့ပါတယ်။
ဒါပေမယ့် ကိုယ်ဝန် (၉)လအကြာ ကလေးမီးဖွားတဲ့အခါမှာတော့ ဆရာဝန်တွေက စိတ်မကောင်းစွာနဲ့ပဲ ကလေးက လူပုလေးဗီဇ ပါနေတဲ့အတွက် ကြီးလားရင် လူပုလေးအဖြစ်သာ ကြီးပြင်းလာလိမ့်မယ်လို့ ပြောလိုက်တဲ့အခါ မိန်းမဖြစ်သူ အကြီးအကျယ်ရှောခ့်ရသွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ဒီကိစ္စကိုသူ လုံးဝ နားမလည်နိုင်ဖြစ်ခဲ့ရပါတယ်။
 
ဒါကြောင့် နောက်ဆုံးမှာတော့ မိန်းမဖြစ်သူက သူမရဲ့ အပျိုညဇာတ်လမ်းကို အမှန်အတိုင်း ဝန်ခံခဲ့ရပါတယ်။ မူးရူးနေတဲ့အတွက် အကာအကွယ်မပါပဲ လူပုလေးနဲ့အတူ ပျော်ပါးခဲ့ခြင်းက ကိုယ်ဝန်ရခဲ့တာဖြစ်ပြီး နောက်ဆုံးမှာ လူပုဖြစ်လာမယ့် ကလေးလေးကို မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။
 
ဒီအတွက်ကြောင့် လျှိုဝှက်ချက်အနေနဲ့ ထိန်းသိမ်းဟန်ဆောင်ထားစရာ မလိုတော့ပေမယ့် မွေးလာတဲ့ကလေးနဲ့ ပက်သက်ပြီး သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့ ပြဿနာအနည်းငယ်ရှိမှာတော့ အသေအချာပဲဖြစ်ပါတယ်။
 

==========================================================

ပျိုနောက်ဆုံးညမှာ သတို့သမီးကဲနေတဲ့ ဗီဒီယိုကြောင့် သတို့သားဘက်မှ မင်္ဂလာပွဲဖျက်သိမ်း





 


25 May 2017     1,465 Views




RELATED

Most Popular of Special or Others

Most Popular of NEWS