BEC-TERO TV

ဖြူစင်ချင်းအားမာန်

02 Jun 2015     1,569 Views


“ရှုမ၀”တို့မိသားစုလေးသည်ဆင်းရဲသောမိသားစုလေးဖြစ်ပြီးဖခင် လူမမာသယ်ကြီးကိုသားမိနှစ်ယောက် ရှိတာလေးနဲ့ရှာဖွေကျွေးမွေးနေရပါတယ်။ ဖခင် လူမမာသယ် ရောဂါ အရမ်းကြီးလာတော့ ရောဂါကုဖို့ပိုက်ဆံလိုတာနဲ့“ရူမ၀”အလုပ်လေးရဖို့အတွက်မိခင်နဲ့ အတူနှစ်သားအလုပ်ဝိုင်းရှာကြလေတယ်။

အလုပ်ပြန်တော့လည်းမာနကြီိးပြီးမောက်မာရိုင်းစိုင်းသောဒေါ်စိန်ကြိုင်”ထံတွင်အလုပ်ရလေတယ်။ “ဒေါ်စိန်ကြိုင်”၏သမီးနှစ်ယောက်ကလည်း”ရှုမ၀”လေးကိုအလုပ်တွေဖိခိုင်းပြီးသူတို့ကိုယ်တိုင်က တော့လူဘောကျော့တွေလိုနေချင်ကြတယ်။”ရှုမ၀”လေးကတော့သူတို့ညီမနှစ်ယောက်ခိုင်းသမျှ အလုပ်တွေကိုနေ့မအားညမအားကြိုးစားလုပ်ရရှာလေတယ်။

“ဒေါ်စိန်ကြိုင်”ကြေးအိုးဆိုင်မှာအမြဲလာစားနေတဲ့”၀ီရအောင်”မှာ“ရှုမ၀”လေးရဲ့ရိုးသားကြိုးစားသော စိတ်ထားလေးကိုသနားပြီးချစ်ကြိုက်သွားလေတယ်။ ထို့နောက်”ရှုမ၀”က သူချစ်သူ”၀ီရအောင်”နဲ့ နှစ်ယောက်သားဘ၀တစ်ခုကိုထူထောင်ပြီး”ဒေါ်စိန်ကြိုင်”ကြေးအိုးဆိုင်မှထွက်လိုက်ပါတယ်။သူတို့နှစ်ယောက်ရိုးသားကြိုးစား၊၀ိရီယကောင်းမှု၊ဖော်ရွေမှုကြောင့်သူတို့ဖွင့်ထားတဲ့ကြေးအိုးဆိုင်လေးမှာ တဖြေးဖြေးနဲ့တိုးတက်ကြီးပွားလားလေသည်။”ရှုမ၀”နဲ့“၀ီရအောင်”တို့ဆိုင်ရှင်ဖြစ်လာပြန်တော့လည်းဆိုင်မှာရှိတဲ့အလုပ်သမားလေးများကိုကောင်းကောင်းမွန်မွန်ဆက်ဆံသောကြောင့်သူတို့ကိုချစ်ခင်လေး ကြလေတယ်။ “ဒေါ်စိန်ကြိုင်”ကြေးအိုဆိုင်တွင်လည်း “ဒေါ်စိန်ကြိုင်”

တို့ရဲ့မောက်မာမူကြောင့်အလုပ်သမားလေးများကသူတို့ဒဏ်ကိုမခံနိုင်ပဲအလုပ်ထွက်သွားကြပြီး ဆိုင်လည်းတဖြေးဖြေးအရူးံပေါ်လာလေတယ်။သူတို့နှစ်ယောက်ရဲ့ရိုးသားဖြူစင်သောစိတ်၊ကြိုးစားချင်သောအလေ့အကျင့်ကြောင့်အောင်မြင်မူများရရှိလာသောပညာပေးဇာတ်လမ်းလေးဖြစ်ပါတယ်။


02 Jun 2015     1,569 Views




RELATED

Most Popular of Karma Series

Most Popular of Drama Series