BEC-TERO TV

ယမကာ၏ သားကောင်များ

10 Jun 2015     1,526 Views


ကံကံ၏အကျိုး ယမကာ၏ သားကောင်များ “ကိုစိုးနိုင်”ကနေ့ညမပြတ်မူးနေသောယမကာလုလင်တစ်ယောက်ဖြစ်တယ်။သူရဲ့မိန်းမ”မမြခက်”လည်းသူ့ ယောက်ျားအရက်သောက်တာကိုမကြိုက်ပါ။ “ကိုစိုးနိုင်”တွင်သမီးလေး”ပိုးဥ”တစ်ယောက်ရှိပါတယ်၊သမီးလေး”ပိုးဥ”ကကျောင်းပညာရေးတွင်လည်းစာတော်ရှာပါတယ်။

”မမြခက်”ကလည်းအိမ်မူကိစ္စ္စနိုင်၍မယားဝတ်တရားကျေပါပေတယ်။”ကိုစိုးနိုင်”ရှာလာသမျှပိုက်ဆံသည်မိတ်ဆွေအပေါင်းအသင်းများနဲ့အရက်သောက်ရင်းအချိန်ကုန်လေတယ်၊”ကိုစိုးနိုင်”ကရွာမှစပါးတွေကို ပြန်ဝယ်ပြီးမြို့တက်ရောင်းသောဆန်ပွဲစားဖြစ်တယ်။”ကိုစိုးနိုင်”ရလာသမျှပိုက်ဆံကိုရွာကမိတ်ဆွေအပေါင်းသင်းများနဲ့ညတိုင်းအလုပ်ကိုအကြောင်းပြသူကိုယ်တိုင်အကုန်ကျခံအရက်ဖွဲ့သောက်ကျတယ်။

အရက်သောက်တဲ့ညတိုင်းသူမိန်းမ”မမြခက်”နဲ့ရန်ခဏခဏဖြစ်ကြတယ်။တစ်နေ့”ကိုစိုးနိုင်”စပါးရောင်းရငွေပိုရလာသဖြင့်မိတ်ဆွေအပေါင်းသင်းတွေနဲ့အရက်သောက်တာအလွန်ကျွံဖြစ်ပြီးအိမ်အပြန်ကားမောင်းတဲ့အချိန်မှာကား(အက်ဆီဒင့်) ဖြစ်ကာခြေထောက်ထိသွားပါတယ်။”ကိုစိုးနိုင်”ခြေထောက်ထိပြီးအလုပ်မလုပ်နိုင်ချိန်တွင်မိတ်ဆွေအပေါင်းအသင်း၊သူငယ်ချင်းများတစ်ယောက်မှလာမကြည့်ပါ၊

ပိုက်ဆံရှိတုန်းသောက်စားတုန်းအချိန်ပေါင်းသင်းသူများဖြစ်ပါ တယ်။”ကိုစိုးနိုင်”တကယ်ဒုက္ခတွေ့တဲ့အချိန်မှာကိုယ်ဇနီးမယားနဲ့သားသမီးကသာကြည့်ခဲ့ပါတယ်။”ကိုစိုးနိုင်”မိန်းမ“မမြခက်” နှင့်သူသမီးလေး”ပိုးဥ”တို့က အနစ်တာခံအနွံတာခံပြန်လည်ရှာဖွေကျွေးတာကို ”ကိုစိုးနိုင်”နားလည်းသွားပြီးအရက်ကိုဖြတ်လိုက်တယ်။”ကိုစိုးနိုင်”သူမိန်းမနဲ့သမီးအပေါ်အိမ်ထောင်ဦးစီး ပြီသကာတသက်လုံးချစ်ခင်မြတ်နိုးစွာနေထိုင်သွားပါတယ်။


10 Jun 2015     1,526 Views




RELATED

Most Popular of Karma Series

Most Popular of Drama Series