BEC-TERO TV

နှလုံးသားလှပါစေ

10 Jun 2015     1,455 Views


ကံကံ၏အကျိုး နှလုံးသားလှပါစေ ဈေးထဲမှာရေသန့်ဗူး၊ အချိုရေဗူးခွံကောက်တဲ့အဘွား”ညို”ကိုဈေးသွားဈေးလာများက ချစ်ခင်ကြပါတယ်။ ဈေးကအပြန်လမ်းမှာခွေးပေါက်လေးတစ်ကောာင်တွေ့ပြီးခေါ်မွေးခဲ့ပါတယ်။ အမှန်အဘွား”ညို”ကသူယောင်္ကျားဆုံးသွားတဲ့အချိန်မှာသူ့အိမ်ကိုအကြွေးနဲ့သိမ်းခံရပါတယ်။သူ့ရဲ့သားအိမ်မှာ သွားနေပြန်တော့လည်း ချွေးမကအဘွားကိုအိမ်မှာမနေစေချင်၊နှင်ထုတ်ခဲ့ပါတယ်။ အလုပ်ရှာပြန်တော့လည်းအသက်ကြီးလို့မည်သူကမှလက်မခံခဲ့ပါ။

အဲဒါကြောင့် ဈေးထိပ်နား ကတဲစုတ်မှာသူမွေးထားတဲ့ခွေးလေး”သာထူး”နဲ့အတူရေသန့်ဗူးကောက်တဲ့အလုပ်ကိုလုပ်ခဲ့ပါတယ်။ခွေးလေး”သာထူး”ကလူနားနီးပြီးအရမ်းလိမ္မာပါတယ်။အဘွား”ညို”တဲစုတ်ဘေးနေတဲ့အရက်သမားသူခိုး“မျက်ဖြူ”က”သာထူး”ခွေးလိမ္မာကိုသတ်စားချင်စိတ်ဖြစ်နေပါတယ်။အဘွား”ညို”က”မျက်ဖြူ”လို လက်ကြောမတင်းတဲ့သူတောင်ပေးကမ်းကျွေးမွေးပါတယ်။ကျွေးမွေးတဲ့ကျွေးဇူးတောင်မထောက်အဘွား”ညို”စုထားတဲ့ပိုက်ဆံအချို့ကိုတဲပေါ်တက်ခိုးပါတယ်။

အဘွား”ညို”နဲ့”သာထူး”တွေ့တော့အရက်သမား”မျက်ဖြူ”က ခွေးလေး”သာထူး”ကိုဓားနဲ့ထိုး၊ အဘွား”ညို”ကိုလည်ပင်းညှစ်ပြီးထွက်ပြေးခဲ့ပါတယ်။ ခွေးလေး”သာထူး”ကဒဏ်ရာနဲ့အဘွား”ညို”ကိုးကွယ်တဲ့ဆရာတော်ကျောင်းသွားပြီး၊ဆရာတော်ကိုခေါ်ဆောင်လာနိုင်ခဲ့တဲ့အတွက်အဘွား”ညို”ကော”သာထူး”ကိုယ့်တိုင်ပါအသက်ချမ်းသာရခဲ့ပါတယ်။

”မျက်ဖြူ”အရက်သ မားလည်းသိပ်မကြာပါဘူးဈေးထဲမှာလုယက်မှု၊ခိုးမှုနဲ့အဖမ်းခံရပါတယ်။ဘ၀တိုင်းမှာနှလုးံသားလှတဲ့သူတွေဟာနောက်ဆုးံမှာစိတ်ချမ်းသာကြပါတယ်။


10 Jun 2015     1,455 Views




RELATED

Most Popular of Karma Series

Most Popular of Drama Series