BEC-TERO TV

အရေးကြီးဆုံးအရာ

10 Jun 2015     1,497 Views


ကံကံ၏အကျိုး အရေးကြီးဆုံးအရာ “ကိုအောင်မြင့်”ရုးံကပြန်လာချိန်မှာ သူမိန်းမ”ကြည်ကြည်လွင်”ကတရားသံအကျယ်ကြီးဖွင့်ထားပါတယ်။ သူ့ကိုယ်သူ သူတော်ကောင်းဖြစ်ဟောင်ဆောင်ပါတယ်။ ”ကြည်ကြည်လွင်” တရားကိုအသံကျယ်ကြီးဖွင့် ထားသောကြောင့်သူကလေးနှစ်ယောက်လည်းညတိုင်းစာကျက်လို့မရပါ။ ပတ်ဝန်းကျင်ကပါ”ကိုအောင်မြင့်”မိန်းမ”ကြည်ကြည်လွင်”ကိုမျက်မုန်းကျိုးလာပါတယ်။

“ကြည်ကြည်လွင်”အိမ်မူကိစ္စလည်းမလုပ်ကလေးနှစ်ယောက်ကိုလည်းဂရုမစိုက်နေ့တိုင်းဘုန်းကြီးကျောင်းသွားတဲ့အလုပ်နဲ့ပဲအချိန်ကုန်နေပါတယ်။ဘုန်းကြီးကျောင်ရောက်တော့လည်းအပေါင်းသင်းများနဲ့သူများအတင်းပြော၊ကိုရီးယားရုပ်ရှင်ကားအကြောင်းပြောတရားအလုပ် လုပ်တာနည်းပါတယ်။ ”ကိုအောင်မြင့်” အလုပ်နောက်ကျမှ ပြန်လာတော့လည်းသူမိန်းမ”ကြည်ကြည်လွင်”ကထမင်းစားဖို့တောင်အလိုက်သတိဘာမှမလုပ်ပေးတဲ့အပြင်အ ပြစ်တောင်ရှာပြောပါတယ်။”ကိုအောင်မြင့်”က”ကြည်ကြည်လွင်”စားသောက်ဖို့မလုပ်ပေးတော့၊လမ်းထိပ်က”မဆန်း”တို့ထမင်းဆိုင်သွားစားတော့လည်း”ကြည်ကြည်လွင်”သူယောက်ကျာင်္းကို”မဆန်း”နဲ့ဖေါက်ပြန်နေတယ်လို့မကောင်းပြောပါတယ်။

ကလေးတွေလည်းနေ့နေ့ ညညသူအမေ ”ကြည်ကြည်လွင်” ကြောင့်စိတ်ဆင်းရဲနေရပါတယ်။“ကိုအောင်မြင့်”နဲ့”မဆန်း”တို့ကအရင်ကတည်း ကဖြူစင်တဲ့မိတ်ဆွေသူငယ်ချင်းတွေပါ။ တစ်နေ့”ကြည်ကြည်လွင်”သူ့မကောင်းတဲ့မိတ်ဆွေအပေါင်းသင်းရဲ့ မြှောက်ထိုးမှုကြောင့်သူယောက်ျားနဲ့ရန်အကြီး အကျယ်ဖြစ်ပြီး”ကြည်ကြည်လွင်”တွန်းထုတ်လိုက်တာ” ကိုအောင်မြင့်”ပြုတ်ကျသွားပြီးခုန်စောင်းနဲ့ရိုက်မိပြီး ခေါင်းကွဲသွားပါတယ်။”ကြည်ကြည်လွင်” လည်းအိမ်ပေါ်မှဆင်းသွားခဲ့ပါတယ်။

”ကြည်ကြည်လွင်”သွားစရာမရှိ တော့သူသွားနေကျဘုန်းကြီးကျောင်းကို ရောက်ရှိခဲ့ပါတယ်။ ဆရာတော်ရဲ့ဆိုဆုံးမမှုကြောင့်အသိတရားရရှိသွား ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။ ”ကြည်ကြည်လွင်”သူယောက်ျား”ကိုအောင်မြင့်”ကိုပြန်လည်တောင်းပန်ပြီးသားသမီးတွေနဲ့အတူမယားဝတ်တ ရားငါးပါးကျေပွန်စွာနဲ့နေထိုင်သွားပါတယ်။


10 Jun 2015     1,497 Views




RELATED

Most Popular of Karma Series

Most Popular of Drama Series