BEC-TERO TV

အသုံးနှင့်အဖြုန်း

10 Jun 2015     1,515 Views


ကံ ကံ၏အကျိုး အသုံး နှင့် အဖြုန်း “ကိုကျော်ထင်”နှင့်”မမြတ်မြတ်သင်း”တို့အိမ်ထဲကို သူတို့မှာထားပစ္စည်းများလာပို့တဲ့ ကားတစ်စီး မောင်းဝင်လာပါတယ်။ သူတို့သားနှင့်သမီးအတွက်လျှပ်စစ်(ဂစ်တာနှင့်ကီးဘုတ်)၀ယ်လိုက်ခြင်းဖြစ်ပါတယ်။ ”ကိုကျော်ထင်”နဲ့သူမိန်းမတို့ကအိမ်ပစ္စည်းတွေ များလွန်းအားကြီးလို့ဂိုထောင်ထဲထားတဲ့အပြင်မလိုအပ်သော ပစ္စည်းများဝယ်ပြီး သားနှင့်သမီးကိုအရမ်းအလိုလိုက်ခြင်းဖြစ်ပါတယ်။

”ကိုကျော်ထင်”ရဲ့အဖေနှင့်အမေ၊ ”မမြတ်မြတ်သင်း”ယောက္ခထီး၊ယောယ္ခမတို့ကမကုန်သင့်သည်ကိုမကုန်ကျ အောင်ပြောဆိုဆုံးမတာ တောင်နားမ၀င်သူတွေဖြစ်ပါတယ်။”ကိုကျော်ထင်”နဲ့”မမြတ်မြတ်သင်း”ဒို့ကသူတို့ကိုယ်သူတို့စိတ်ကြီးဝင်နေသူ၊အဟန်ရှိပြီးအဆန်မရှိသူများဖြစ်ပါတယ်။”ကိုကျော်ထင်”အဖေနှင့်အမေအိမ်တွင်စားပင်သီးပင်စိုက်အိမ်တွင်းတစ်နိုင်တစ်ပိုင်အလုပ်လေးတွေလုပ်တာတောင်”ကိုကျော်ထင်”နဲ့သူမိန်းမကဂုဏ်သိက္ခာကိုထိခိုက်တယ်ဆိုပြီးမလုပ်ခိုင်းပါ။”ကိုကျော်ထင်”ရဲ့အဖေနဲ့အမေလည်းတောပြန်သွားပါတယ်။

”ကိုကျော်ထင်”သူ့မိန်းမ”မမြတ်မြတ်သင်း”အကြွေးတွေတင်နေတယ့်အပြင်ပိုက်ဆံအတိုးပေးစားတဲ့လူမိုက်”ဒေါင်းညို”စီမှာပိုက်ဆံထပ်ချီးလိုက်ပါတယ်။ရလာတဲ့ပိုက်ဆံကိုလည်းလိုတဲ့နေရာမှာမသုးံပဲအိမ်သုးံပစ္စည်းတွေထပ်ဝယ်၊သုံးဖြုန်းနေတာကြောင့်”ဒေါင်းညို”ကိုပိုက်ဆံမဆပ်နိုင်ပဲဖြစ်နေတယ်။”ဒေါင်းညို”က”ကိုကျော်ထင်”သားနှင့်သမီးတောရှိအဖေနဲ့အမေထိခိုက်ရန်ရှာလ့ပါတယ်။”ကိုကျော်ထင်”နဲ့သူမိန်းမလည်းလက်ထဲမှာပိုက်ဆံမရှိတော့တယ်အတွက်အိမ်ရှိစည်းစီမ်ဥစ္စာတွေ ရောင်းချပြီး”ဒေါင်းညို”ကိုအကြွေးဆပ်လိုက်ပါတယ်။

”ကိုကျော်ထင်”အဖေနဲ့အမေဆိုဆုံးမမှုတွေကိုပြန်လည်နားလည်လာပါတယ်။”ကိုကျော်ထင်”နဲ့”မမြတ်မြတ်သင်း”ပြောခဲ့ဆိုခဲ့တာကိုမိဘတွေပြန်လည်း တောင်းပန်းခဲ့ပါတယ်။ ”ကိုကျော်ထင်””မမြတ်မြတ်သင်း”အသုံးအဖြုန်း ရောင့်ရဲတင်းတိန်နိုင်မှု ကိုနားလည်းသွာပါတယ်။


10 Jun 2015     1,515 Views




RELATED

Most Popular of Karma Series

Most Popular of Drama Series