BEC-TERO TV

ကွန်တိန်နာ တွဲကား ဗိုက်အောက်ကနေ ဖြတ်မောင်းပြတဲ့ ဆိုင်ကယ်သရဲ (ရုပ်သံ)

13 Aug 2019     1,780 Views


Fast & Furious အက်ရှင်ဇာတ်ကားထဲက လူကြိုက်များတဲ့ စတန့်ဇာတ်ဝင်ခန်း ပုံစံအတိုင်း ကွန်တိန်နာတွဲကားကြီး ဗိုက်အောက်ကနေ ဆိုင်ကယ်ကို ဖြတ်မောင်းဝင်ပြီး အခြားလမ်းတစ်ဖက်ကို ကူးသွားတဲ့ ဆိုင်ကယ်သရဲ(ဆိုင်ကယ်အရူးအမူး) လူငယ်က ဗီဒီယိုပါရိုက်ပြီး ဆယ်လ်ဖီပါ ဆွဲပြခဲ့ပါတယ်။ 
 
 
အခုဖြစ်စဉ်ဟာ အရင်တစ်ခေါက်ကလို ကွန်ပြူတာအထူးပြုလုပ်ချက် မဟုတ်ပဲ လူကိုယ်တိုင် ဟိုင်းဝေးလမ်းမပေါ်မှာ ကြုံလိုက်ရတဲ့ ကွန်တိန်နာကားကြီးကို မြင်ပြီး အခုလိုလုပ်ဖို့ အကြံရကာ ဗိုက်အောက်ကနေ ဖြတ်မောင်းပြခဲ့တာဖြစ်ပါတယ်။
 
 
တစ်နာရီကို ၅၅ ကီလိုနှုန်းနဲ့ သွားနေတဲ့ ဆိုင်ကယ်ဟာ ကွန်တိန်နာကားဗိုက်အောက်ကို ဝင်လိုက်စဉ် ကားသမားလန့်ဖြန့်သွားပြီး ဟွန်းရှည်ကြီး ဆွဲလိုက်တာကို ရုပ်သံမှာ မြင်တွေ့လိုက်ရပါတယ်။ ဆိုင်ကယ်သူရဲကတော့ ကွန်တိန်နာကားရဲ့ ညာဘက်ကနေ ဝင်ပြီး ဗိုက်အောက်ကနေ ဖြတ်ကာ ဘယ်ဘက်လမ်းကြောကို မောင်းထွက်သွားခဲ့ပါတယ်။
 
 
အဲဒီအချိန်မှာ ကားဆရာကြောက်လန့်ပြီး ဘရိတ်ဆွဲလျှင်သော်၎င်း ဘယ်ဘက်လမ်းကြောမှ ကားတစ်စီးပါလာလျှင်သော်၎င်း ဆိုင်ကယ်သရဲအတွက် အသက်ပါပေးလိုက်ရသွားနိုင်ပါတယ်။ အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ပြီးနောက် သူ့ကိုယ်သူတောင် ဆယ်လ်ဖီဆွဲပြခဲ့ပါသေးတယ်။
 
 
ဒီလိုအပြုမူမျိုးဟာ အန္တရာယ်အရမ်းများလွန်းတဲ့အတွက် ရုပ်သံကိုကြည့်ပြီး လိုက်မလုပ်ကြဖို့ မြန်မာပြည်က ဆိုင်ကယ်သရဲများကို မေတ္တာရပ်ခံလိုက်ပါတယ်။

13 Aug 2019     1,780 Views




RELATED

Most Popular of Special or Others

Most Popular of Ghost