BEC-TERO TV

ဘယ်သူ့ကိုမှ မကြေကွဲစေချင်လို့ နှစ်ယောက်လုံးကို တစ်ပြိုင်ထဲလက်ထပ် (ရုပ်သံ)

22 Aug 2019     1,758 Views


‘ပိုင်တယ်ကွာ..!’ 
မေတ္တာတရားကြီးမားပြီး ကိုယ်ချင်းစာ နားလည်တတ်တဲ့ မဟာကရုဏာရှင် သကောင့်သားက သူ့ရဲ့ရည်စားနှစ်ယောက်မှာ တစ်ယောက်ကို လက်ထပ်ယူလိုက်ရင် ကျန်တစ်ယောက်က ဆွေးပြီး ကြေကွဲခံစားနေခဲ့မှာကို မလိုလားလို့ နှစ်ယောက်စလုံးကို တစ်ပြိုင်နက်ထဲ လက်ထပ်လိုက်ပါတယ်။
(မေတ္တာရှင်ကြီးပါနော်..)
 
 
အင်ဒိုနီးရှားနိုင်ငံတောင်ပိုင်း ကလီမန်တန်ပြည်နယ်က အမျိုးသားတစ်ဦးဟာ ဘယ်သူ့ကိုမှ သူ့ကြောင့် မကြေကွဲစေချင်လို့ပါ ဆိုပြီး သူ့ရဲ့ချစ်သူ နှစ်ယောက်စလုံးနဲ့ တစ်ရက်တည်း တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ မင်္ဂလာပွဲ ဆင်နွှဲလိုက်ပါတယ်။
 
ဒီမင်္ဂလာပွဲမှာ သတို့သမီးနှစ်ယောက်စလုံးက ရိုးရာဓလေ့ထုံးစံအတိုင်း သတို့သား ဖြစ်တဲ့သူ့ကို အင်ဒိုနီးရှားရူပီး ၁၀,၀၀၀ (ကျပ်ငွေ တစ်ထောင်) နဲ့ တင်တောင်းခဲ့ကြရပါတယ်။ မင်္ဂလာပွဲကို သုံးဘက်ဆွေမျိုးအသိုင်းအဝိုင်းက တက်ရောက်ပြီး ကောင်းချီးမင်္ဂလာချီးမြှင့်ခဲ့ကြပါတယ်။
 
 
သူတို့ရဲ့ မင်္ဂလာပွဲရုပ်သံဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ရုပ်သံမှာ သတို့သမီးနှစ်ယောက်ကြား အခန့်သားထိုင်နေတဲ့ သတိုးသားကြီးကို အားကျတဲ့ မျက်လုံးတွေနဲ့ ဝေဖန်အားကျတဲ့သူတွေနဲ့ ပွဲဆူနေပါတယ်။ အားကျချင်သူတွေအတွက် ရုပ်သံလေးပါ ဖော်ပြလိုက်ပါတယ်။
 

22 Aug 2019     1,758 Views




RELATED

Most Popular of Special or Others

Most Popular of Ghost