BEC-TERO TV

မြင့်မိုရ်ထက်မက

10 Jun 2015     1,554 Views


ကံကံ၏အကျိုး မြင့်မိုရ် ထက်မက “ဦးဥာဏ်ရှင်မင်း”နဲ့”ဒေါ်မျက်သွယ်”တို့တက္ကသိုလ်ကျောင်းဆရာ နှင့် ဆရာမတွေဖြစ်ပါတယ်။ သူတို့ရဲ့အပြင်စီးပွားရေးတွေလည်းတဖြေးဖြေးတိုးတတ်လာပါတယ်။ သားလေး”ဥာဏ်ရှင်မင်း”ကို စာတော်စာတတ်တဲ့ပညာရှင်တစ်ယောက်အရမ်းဖြစ်စေချင်ပါတယ်။

ဒါပင်မဲ့လည်းသား”ဥာဏ်ရှင်မင်း”ကငယ် ငယ်လေးထဲကဂီတကိုစိတ်ဝင်စားပါတယ်။ “ဦးဥာဏ်ရှင်”နဲ့”ဒေါ်မျက်သွယ်”ကသူတို့သား”ဥာဏ်ရှင်မင်း”ဂီတကိုစိတ်ဝင်စားတာမကြိုက်ကြပါ။တဖြေးဖြေးနဲ့”ဥာဏ်ရှင်မင်း”၁၀တန်းကျောင်းသားဘ၀ကိုရောက်လာပါတယ်။”ဥာဏ်ရှင်မင်း”ကိုယ်ကြိုက်တာကိုယ်လုပ်ရင်းနဲ့ ကျောင်းပြေးတတ်လာပါတယ်။”ဥာဏ်ရှင်မင်း”သူ့အဖေ၊အမေဖြစ်ချင်တဲ့ဆရာဝန်အင်ဂျင်နီယာတို့မဖြစ်ချင်ပါ။

”ဦးဥာဏ်ရှင်”နှင့်”ဒေါ်မျက်သွယ်”သူတို့သားကိုစာပိုကြိုးစားအောင်”ဦးဥာဏ်ရှင်”ရဲ့ညီ”ဦးကံရှင်”အိမ်ကို”ဥာဏ် ရှင်မင်း”ကိုထည့်လိုက်ပါတယ်။”ဥာဏ်ရှင်မင်း”ဦးလေးအိမ်ရောက်တော့လည်းကိုယ်လုပ်ချင်တာလုပ်တဲ့အတွက်ဦးလေးရဲ့ဆူပူကြိမ်းမောင်းတာကိုမခံနိုင်ပဲအိမ်ပေါ်ကဆင်းသွားပြီး မိတ်ဆွေအသင်းမှားများနှင့်တွေ့ခဲ့ပါတယ်။ ”ဥာဏ်ရှင်မင်း”အိမ်ပြန်လာချိန်မှာသူ့ရဲ့မိတ်ဆွေသူငယ်ချင်းအပေါင်းသင်းများအိမ်ကိုလိုက်လာပါတယ်။

ထိုသူ များက”ဥာဏ်ရှင်မင်း”တို့အိမ်ကိုရောက်တော့ခြိမ်းခြောက်ပြီးအနုကြမ်းစီးပါတယ်။ထိုအချိန်မှာဘဲ အဖေနဲ့အမေအိမ်ပြန်ရောက်လာပြီး ဒဏ်ရာရလေပါတယ်။ဥာဏ်ရှင်မင်းလည်းမိဘနှစ်ပါးရပ်ချစ်ခြင်းမေတ္တာကို သိရလိုက်ပါတယ်။ သူရဲ့သူငယ်ချင်းများလည်း ကာလတိုအတွင်းအဖမ်းခံရပါတယ်။ နောက်ဆုံးမှာတော့မိဘနှစ်ပါးက ”ဥာဏ်ရှင်မင်း”၀ါသနာပါတဲ့ဂီတ အနုပညာကျောင်းကိုပေးတက်လိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါတယ်။


10 Jun 2015     1,554 Views




RELATED

Most Popular of Karma Series

Most Popular of Drama Series