BEC-TERO TV

Myanmar News

This section is the local news which we will provide the things happening inside Myanmar.

ရဲစခန်းတွင် တစ်ရက်သာအချုပ်ခံရစဉ် တရားခံသေဆုံးခဲ့ရမှု စစ်ဆေး

03 Aug 2017 | 1,341 views မကွေးမြို့မရဲစခန်း၌ ထိန်းသိမ်းခံထားရသူ တစ်ဦး ဇူလိုင်(၂၆)ရက်နေ့က ရဲအချုပ်ခန်းတွင် သေဆုံးသွားသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က သြဂုတ်လ(၂)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်

ကျိုင်းတုံ - မိုင်းဖြတ်လမ်းအနီး ကားတစ်စီးချောက်ထဲထိုးကျ၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

02 Aug 2017 | 1,237 views ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် မိုင်းဖြတ်ကျေးရွာအုပ်စု ၊ တာကျောက်ကျေးရွာအနီး ကျိုင်းတုံ - မိုင်းဖြတ်လမ်းတွင် သြဂုတ်လ (၂)ရက်နေ့က လမ်းဘေးချောက်အတွင်းသို့ ယာဉ်တစ်စီးထိုးကျ တိမ်းမှောက်သဖြင့် တစ်ဦးသေ တစ်ဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်

စင်ကာပူရောက် စည်းကမ်းမဲ့မြန်မာများအား ပညာပေးစည်းရုံးမှုများဆောင်ရွက်

02 Aug 2017 | 1,364 views စင်ကာပူနိုင်ငံတွင် နိုင်ငံခြားသားပေါင်းစုံ လာရောက် အလုပ်လုပ်ကိုင်လျှက်ရှိကြကာ ထိုအထဲတွင် မြန်မာနိုင်ငံသားများလည်း အပါအဝင်ဖြစ်သည်။ ကျောင်းသား၊ အရာရှိ၊ အလုပ်သမား စသည်ဖြင့် အလွှာအသီးသီးက မြန်မာများ စုဝေးရာ မြန်မာဈေးဆိုင်များ တည်ရှိရာ ပင်နီဆူလာပလာဇာသည် စင်ကာပ

ကျပ်သိန်းတစ်သောင်း အောင်ဘာလေထီဆုကို တာချီလိတ် မှ ဆွတ်ခူးရရှိ

02 Aug 2017 | 1,254 views သြဂုတ် ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ၅ ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းဆုကို တာချီလိတ် မြို့နယ်မှ ဆွတ်ခူးရရှိ သွားကြောင်း သိရသည်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများထဲတွင် မြန်မာနိုင်ငံသားဟောင်း ၈၀% ရှိနေ

02 Aug 2017 | 1,246 views နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူ လေးရာခန့်ရှိပြီး ယင်းတို့အထဲတွင် မြန်မာနိုင်ငံသားဟောင်း ၈၀ ရာခိုင်နှုန်းခန့်ပါဝင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဒုတိ ယညွှန်ကြားရေးမှူး ဦးမင်းဇော် က ပြောသည်။

ဆိုင်ကယ်ဖြင့် အမျိုးသမီးငယ်ကို ဓားထောက်လုယက်မှုဖြစ်ပွား

02 Aug 2017 | 1,252 views သြဂုတ်လ (၁)ရက်နေ့ ညအချိန် ၇ နာရီခန့်တွင် မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်စီးလာသော မိန်းကလေးတစ်ဦးအား ဓါးထောက် လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စားပွဲထိုးလုပ်နေရသည့် ရွှေခါးပတ်ချံပီဟောင်းကို လက်ဝှေ့လောကသားများ ဖေးကူ

01 Aug 2017 | 1,769 views တစ်ချိန်က လက်ဝှေ့လောကတွင် ရွှေခါးပတ်ချံပီယံဖြစ်ခဲ့ဖူးသော ချံပီယံဟောင်း စောသဲမျိုးတစ်ယောက် စာဝတ်နေရေးအတွက် ရနကုန်တစ်ဖက်ကမ်း ဒလမြို့နယ်ရှိ ဘုံးဘုံ စာသောက်ဆိုင်တွင် စားပွဲထိုးအဖြစ် ဝင်ရောက်လုပ်ကိုင်နေရသည်။

ပဲခူးတွင် ရုပ်​ရှင်​ဆန်​ဆန်​ တရားခံလုယက်​မှုဖြစ်​ပွား

31 Jul 2017 | 1,295 views ဇူလိုင်လ ၃၁ ရက်(ယနေ့) ညနေပိုင်းက ရဲအစောင့်အကြပ်ဖြင့် ခေါ်ဆောင်လာသော တရားခံကို လူနှစ်ဦးက လမ်းတွင် ဖြတ်ကာ ရဲလက်မှ လုယူသော ရုပ်ရှင်ဆန်ဆန် အဖြစ်ပျက်တစ်ခု ပဲခူးမြို့တွင် ဖြစ်ပွားခဲ့သည်။

ထိုင်းကျောင်းသူ သတ်ခံရမှုနှင့် ဖမ်းဆီးခံထားရသော မြန်မာလေးဦး DNA စစ်ချက်အဖြေမတူ

31 Jul 2017 | 1,380 views ထိုင်းနိုင်ငံ ရနောင်းမြို့မှာဖြစ်ပွားခဲ့တဲ့ ထိုင်းကျောင်းသူသေဆုံးမှုအတွက် ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ် သမားလေးဦးရဲ့ DNA မျိုးရိုးဗီဇ နဲ့ သေဆုံးသူဆီ မှာတွေ့ရတဲ့ DNA မျိုးရိုး ဗီဇတွေ တူညီမှုမရှိဖူးလို့ မနေ့က အဖြေထွက်ရှိခဲ့ပါတယ်။

လမ်းကြေးကောက်ခံရေးဂိတ် မှန်လုံအခန်းအား ခရီးသည်တင် Express ဝင်တိုက်

31 Jul 2017 | 1,296 views ရန်ကုန်−မန္တလေး အမြန်လမ်းမရှိ ၁၀၅ မိုင် ဖြူးဂိတ် လမ်းအသုံးပြုကြေး ကောက်ခံရေး မှန်လုံအခန်းအား မိုးသောက်ရောင်နီ ခရီးသည်တင် Express ကားမှ ဇူလိုင်လ ၃၁ ရက် နံနက်ဝေလီဝေလင်းအချိန်တွင် ဝင်တိုက်မိခဲ့ကြောင်း သတင်းရရှိသည်။

Myanmar Now အယ်ဒီတာချုပ်ကိုဆွေဝင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရ

30 Jul 2017 | 1,279 views ပုဒ်မ ၆၆(ဃ)ဖြင့် တရားစြွဆိုခံထားရသော Myanmae Now သတင်းဌါနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မင်္ဂလာဒုံမြို့နယ် ရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။